မိုးကခုထိမလင်းသေးဘူးလား သူငယ်ချင်း

လမ်းပေါ်မှာလမ်းလျှောက်ရတာ အဆင်မပြေဘူး ထွက်သွားသူတွေကိုနှုတ်ဆက်ရတာအဆင်မပြေဘူး လွမ်းသမျှကိုမေ့ပြစ်ရတာလည်းအဆင်မပြေဘူး သတိရသမျှကို ပြောပြရတာလည်းအဆင်မပြေဘူး မတရားမှုတွေနဲ့သာ ကြုံနေရတော့ တရားဓမ္မကိုနှလုံးသွင်းဖိုလည်း အဆင်မပြေဘူး ကပ်သုံးပါးကလွတ်ဖို ရပ်ပြစ်ရှစ်ပါးကလွတ်ဖို ရန်သူမျိုးငါးပါးက လွတ်ဖို အဆင်မပြေသေးတော့ မဂ်တရား ဖိုလ်တရားရဖိုလည်း အဆင်မပြေဘူး အခါခပ်သိမ်း မငြိမ်းချမ်းတဲ့နေ့တွေထဲ ဘုရားအဆူဆူ အသက်ရှုကြပ်နေတဲ့အခါ ငါတိုအဖြစ်ကလည်း ဘဝတခုလုံးစာ နလံမထူခဲ့ကြ မိုးကခုထိမလင်းသေးဘူလား သူငယ်ချင်း။ လင်းလွန်း YDNBUSU AVS liberation