Posts

ကဗျာ ကဏ္ဍ

  နှစ်တွေဟာ သင်ခန်းစာနှစ်ခုကိုပဲ သင်ကြားပေးခဲ့ပါတယ်။ အစဥ်တည်မြဲတဲ့သူမရှိဘူး ဆိုတာရယ် ဆက်လက်ရွေ့လျားရမယ် ဆိုတာရယ်။ မိုဃ်းဇော်

ကဗျာ ကဏ္ဍ

 ထင်သလောက် မလင်းသလို ထင်သလောက်လည်း မလွမ်းဘူး လတ်တလော ရောက်နေတဲ့  ရာသီဥတုကို ကျောခိုင်းပြီး တောင်တန်းတွေရဲ့အောက်  ပြေးခိုချင်နေတယ်...၊ နောက်ပြီး ခဏဖြစ်ဖြစ် အမေ့အိမ်ပြန်ချင်တယ်..။ 🍁နွေသစ်ငြိမ်း 

ကွန်မြူနစ်ကလေးကိုချစ်သေးရင်

ပန်းပန်ထားတဲ့ မခင်နန်းဆန်ဟာလှပါတယ် အာဏာဖီဆန်ပြီး တော်လှန်ပန်းသာပန်လိုက်ရင် မခင်နန်းဆန်ဟာ ဒီထက် ပိုလှမှာပဲ  ။ လီနင်ပြောတဲ့ နိုင်ငံတော်ဆိုတာဖိနှိပ်ရေးယန္တရား အောက်မှာ ကျနော်ဟာ ဘယ်လိုခွေးသွားစိပ်မျိုးမှအဖြစ်မခံနိုင် ကျနော်ဟာ ဘယ်လိုချောဆီမျိုးအဖြစ်မှမပါဝင်နိုင် ဖက်ဆစ်တပ်ရဲ့ဝီစကီခွက်ထဲက ရေခဲတုံးထက် အဖိနှိပ်ခံလူထုရဲ့ ထမင်းကြမ်းခဲတုံးသာဖြစ်ချင်တယ် ဗျူရိုကရက်‌တွေရဲ့ မျက်နှာသုတ်ပုဝါတထည်ထက် ပန်းရံသမလေး‌တယောက်ရဲ့  ချွေးခံအင်္ကျီသာဖြစ်ချင်တယ်  ရင်ကြားစေ့ရေးစားပွဲဝိုင်းထဲက  မိုက်ခရိုဖုန်းတလုံးထက် အလုပ်သမား‌တွေအတွက်  အရက်ဖြူတလုံးသာဖြစ်ချင်တယ် ဟိုချီမင်းကို အားကျ ရဲဘော်ချေကို အားကျ သခင်ဗဟိန်းကို အားကျ ဥက္ကဌကြီးမော်ကို အားကျ ‌ငုယင်ဗန်ထရွိုင်းကို အားကျ ဂျူးလိယက်ဖူးချစ်ကို အားကျ ကျနော့်လူငယ်ဘဝလေးဟာ အဖိနှိပ်ခံခေတ်ထဲ သူရဲကောင်းတွေတထွေးကြီးနဲ့ ကျနော့်ရဲ‌ဘော်တွေလည်း အရွယ်မတိုင်ပဲ  မိဝေးဖဝေး တောအထပ်ထပ် ထောင်အသွယ်သွယ်  ဟိုးအဝေးကိုပြေးရ ဒီနေရာမှာ   “အချစ်ကြောင့်ပဲကွန်မြူနစ်ဖြစ်ခဲ့ရ”ဆိုတဲ့ (ဆရာ)နိုင်ဝင်းဆွေစာသား ထပ်မံကိုးကားပါရစေ သိန်း‌ဖေမြင့်ရဲ့မငွေစိန်ကို စာနာတယ် နိ...

ကဗျာ ကဏ္ဍ

 ပန်းကလေးရဲ့ ပွင့်လာမှုအတွက် မြေကြီးဟာ ဘယ်တော့မှ မငြူစူဖူးဘူး အခွင့်အရေးတွေ ယူတတ်ကြတဲ့ကမ္ဘာမှာ ဘာကိုမှမပိုင်ရလို့ စိတ်အားလည်း မငယ်နဲ့ သိပ်လင်းလို့မရတဲ့ ဂြိုဟ်အသိမ်အမွှားလေးကိုတွေး Forrest gump ထဲက Tom Hank ကြီးကို ပြန်ကြည့် ကိုယ်ဟာ ပြန်လိုချင်တဲ့ အရာတစ်ခုအတွက် ကိုယ့်နှလုံးသားအကောင်းလေးကို မရောင်းစားပါဘူးလို့ ကြည်ကြည်နူးနူးတွေးပါကွယ် သွားချင်သူ သွားပါစေ လာချင်သူလာပါစေ မဖြည့်ချင်သူဟာ ပြည့်ပါတယ် မပိုင်လိုသူဟာ နိုင်ပါတယ်။ တစ်ယောက်တည်း ဝမ်းနည်းအားငယ်လာတိုင်း တစ်ယောက်ယောက်က အပိုင်လိုချင်နေတဲ့ကမ္ဘာမှာ ကိုယ်ဟာ ဘာကိုမှ အရေးတကြီးမလိုအပ်သူမို့ သစ်ပင်တစ်ပင်စိုက်လည်း ပျော်နေမှာ စာတစ်အုပ်ဖတ်လည်း ပျော်နေမှာ ပုခက်လွှဲတဲ့ လက်ကလေးဟာ ပျော်နေမှာ အိပ်မက်တွေကအစ ကျန်းမာပါစေကွယ်။ ခွန်းညိုသွေး

ကဗျာ ကဏ္ဍ

 ပျော်လို့ ရပ်လိုက်လည်း ကမ္ဘာက လည်နေမှာပဲ မပျော်လို့ ရပ်လိုက်လည်း ကမ္ဘာက လည်နေမှာပဲ တို့တွေက အမှုန်အမွှားပါပဲ အဲ့တော့.... ဒဏ် ရာတွေကိုပုံကြီးမချဲ့မိစေနဲ့ ..။ မြကျေး

လူ့ငရဲ

မွေးခြင်းနဲ့ သေခြင်းကြားမှာ နေရတာချင်း အတူတူ ငါတို့ဟာ လူဖြစ်ပါလျက် ဒီတိုင်းပြည်ဆိုတဲ့ လူ့ငရဲမှာ ရှင်သန်ရတာ ဝဋ်သိပ်ကြီးလွန်းတယ် San Zuren 🌸

ကဗျာ ကဏ္ဍ

 ငါဟာခန်းမကြီးသို့၀င် စင်ပေါ်သို့တက် လက်ကိုဝှေ့ရမ်းပြီး  နံရံ .. မမြင်ရတဲ့နံရံနဲ့ မြင်ရတဲ့နံရံတွေအပေါ်မှာ ဖြေဖျော်သလိုလို ဟောပြောသလိုလို ငိုစရာလိုလို ရယ်စရာလိုလို မှော်ဆရာလိုလို ဗေဒင်ဆရာလိုလို တဘောင်လိုလို ကောလာဟလလိုလို ရာဇ၀င်လိုလို သမိုင်းလိုလို အောက်ပါအကြောင်းအရာများ အောက်ပါစာကြောင်းများကို ငါလျှောက်ရေးတယ် ငါရေးတယ်။ အခု မိတ်ဆွေဖတ်ရမှာ ကျွန်တော်လျှောက်ရေးတဲ့ ‌ကျွန်တော့် ' အဟမ်း .. '  ကျွန်တော့် ' ကျမ်း .. ' အဲ .. ကျွန်တော့်ကဗျာဖြစ်ပါတယ်။ -အောင်ချိမ့်