မြို့ပြရဲ့မီးရောင်များအောက် မရှိမဲ့ရှိမဲ့ ကဗျာတွေအကြောင်းရေးစပ်သီကုံး အတွေးတွေက ဟိုတစ်စဒီတစ်စ အိပ်မက်တွေရဲ့အနားသတ်မျဥ်းတွေက ထောင့်မတ်ကျနိုင်ပါ့မလား နယူတန်ရဲ့ကမ္ဘာတွင်စကားကို ဘဝမှာအတည်မှတ်ပြီး ပေးဆပ်ခဲ့ပြန် ဟိုလူဒီလူတွေရဲ့သတ်မှတ်ချက်တွေကို စည်းကမ်းတစ်ခုလိုမှားမှတ်နေခဲ့ ပူရှိန်းနဲ့စီးကရက်ဟာလိုက်ဖက်တယ်ထင် အနက်ရောင်ယဥ်ကျေးမှုဟာ ကမ္ဘာကြီးရဲ့ရိုးရာဖြစ်နိုင်လား ဦးဘညွှန့်ရဲ့ချစ်ဒုက္ခလို ချစ်မိလိုက်ချင် ကျွန်တော်ဟာ ဆံပင်ရှည်သလိုလျှာရှည်တယ် စပ်စုတယ် တုံးအတယ် လူငယ်ဖြစ်တဲ့လျောက် လူငယ်ပီပီ ဂျစ်ကန်ကန်မေးချင်ပါတယ် ဟစ်တလာသာရဟန်းကျင့်ကြံခဲ့ရင် ကမ္ဘာတစ်မျိုးပြောင်းသွားနိုင်လား -ကျွန်တော်