အနက်ရောင် မီးတောက်များ



မိုးရွာဖို့ မန္တန်ရွတ်သူကရွတ်

လေငြိမ်အောင် ဆုတောင်းသူက ဆုတောင်း           

မီးညွန့်ခူးစားသူတို့က မီးလောင်ရာလေပင့်လို့

မီးလောင်‌နေမှန်းမသိနိုင်တော့တဲ့ အပူသည်တွေအပြည့်နဲ့

လူ့အဖွဲ့အစည်းမှာ မီးလောင်နေတယ်


နည်းနည်းနဲ့ကျဲကျဲ မီးငြှိမ်းနေသူတွေကြောင့်

လောင်စာက ကုန်တော့မယ်

မီးငြှိမ်းရင်း မီးမွှေးမိနေသူတွေကြောင့်

လောင်စာက မကုန်သေးဘူး

နှစ်ဖွဲ့စလုံးက

ဘဝကို ဘဝနဲ့ရင်းပြီးတိုက်ယူနေတာလို့ပြောတယ်


ဝါးချင်းပွတ်တိုက်ပါများပြီး

တောမီးလောင်သလိုပေါ့

အတွေးအခေါ်ချင်းပွတ်တိုက်ပါများရင်

ကမ္ဘာမီးလောင်သွားနိုင်တယ်

မီးအားကောင်းလွန်းလာတဲ့အခါ

ပထမဦးစားပေးက

လောင်စာကိုမီးရှို့ပစ်ကြဖို့ပဲ


တန်ရာတန်ရာပဲ

ဆုတောင်းရင်း သေဆုံးသွားကြတယ်

တန်ရာတန်ရာပဲ

တိုက်ခိုက်ရင်း လွတ်မြောက်သွားကြတယ်


မီးပုံဘေးမှမဟုတ်ဘူး

မီးပုံပေါ်လည်း ပျော်နိုင်တဲ့

လူတန်းစားတွေရှိတယ်

ဘာအတွက်ကြောင့်မှ

ယုံကြည်ရာကို လက်မလွှတ်လိုက်ပါနဲ့ 

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ