Posts

"နေမထွက်နိုင်ငံတော်"(၂)

ဖီးနစ်ငှက်ရဲ့ အသက်ရှူသံသဲ့သဲ့ ကြားနေရသေးတယ် နေရောင်ခြည်အိပ်မက်တွေဟာ ဇကာပေါက်ဖြစ်နေတဲ့ ခန္ဓာကိုယ်ပေါ်က သွေးပျက်ဖွယ် ယိုစီးကျလာ ဆောင်းဦးရဲ့ မီးလင်းဖိုထဲ နွေဘယ်နှစ်ခု မိုးဘယ်နှစ်ခု ဆောင်းဘယ်နှစ်ခု ထည့်ရဦးမှာလဲ လူနာတင် ဘတ်စ်ကားတွေက တဝီဝီနဲ့ အသက်လုနေကြပြီ နေမထွက်နိုင်ငံတော်ထဲ  အားလုံးတိုးဝှေ့။ အန်နိုလာ

ရဲခဲ့သည်ပဲ

- ဇော်ဂျီ မြစ်တန်းမှာတဲ့ လေကြမ်းဆင်။ ထန်လိုက်လေ လေမုန်တိုင်း၊ လှိုင်းကဘောင်ဘင် တစ်လှိုင်းထွက် တစ်လှိုင်းဝင်၊ ဗေဒါခင် ဖြစ်နဲ ။ ရေလှိုင်း ဗရပွေနဲ့ မုန်တိုင်းလေ ရေတစ်ရိုးမှာ စိုးရွံ့မှာပဲ ။ မြစ်ရိုးမှာတဲ့ မိုးသက်ဆင် ။ လျှပ်ကြိုးပျံ မိုးသံထစ်၊ မိုးစစ်ဘုရင်။ မိုးညစ်လို့ မြစ်မမြင်၊ ဗေဒါခင် ဖြစ်နဲ ။ ရေလှိုင်း ဗရပွေနဲ့ မိုးသက်လေ ရေတစ်ရိုးမှာ၊ စိုးရွံ့မှာပဲ။ စိုးမရွံ့ တွန့်မတုန်။ မိုးနှင့်လေ ရေရှုပ်ထွေး၊ ရွေးမျှ မဖြုံ။ ဆန်လိုက်ပြန်တုံ၊ စုန်လိုက်ပြန်ရ။ ခေါက်ပေါင်းမရေနိုင်လို့ ဗေဒါခိုင် သည်မြစ်ထဲ၊ ရဲခဲ့သည်ပါ့။ ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင် (၁၉၅၇-၁၉၅၉) ဂန္တဝင်ကဗျာဆရာဇော်ဂျီ ကွယ်လွန်ခြင်းကွယ်လွန်ခြင်း (၃၂) နှစ်ပြည့် ။ ဒေါင်းတမန်စာစဥ်

လာမယ့်ဆောင်းရာသီ

မလုံခြုံမှုမီးခိုးများဟာ အူနေတယ် လေထု ပွန်းပဲ့ ရဟတ်များလည်ပတ်လျက် ခြောက်ကပ်လယ်ယာမြေပေါ် စိုစွတ်နေတဲ့သွေးစ အသားစ အရိုးစ အပူချိန်ဟာ အိမ်ခေါင်မိုးတွေဆီကနေ ဖြာကျ တခါတခါ ကလေးတယောက်ရဲ့ငိုသံ တခါတခါ အမယ်အိုတယောက်ရဲ့ညည်းသံ “စစ်ဖြစ်နေမှတော့ အချစ်စစ်နဲ့လည်းဘယ်တွေ့နိုင်ပါ့မလဲ”  လူငယ်တယောက်က အံကြိတ်ပြီးပြောတယ် “ခွေးမသားတွေ ခွေးကျွေးတောင်မစားဘူး” တဲ့ အဖိုးအိုတယောက်က တောက်ခေါက်တယ် ဆေးမရှိတဲ့ရောဂါနဲ့တူတဲ့ လမ်းကမှားနေတယ် ဆောင်းဝင်တော့မယ် အချစ်ထက်ပိုပြီး ဘယ်မီးဖိုက နွေးပါ့မလဲ နာကျင်မှုကိုသာ လှုံကြ။ ကြည်ဇော်အေး ၂၀၂၂ အောက်တိုဘာ ၂။ ကဗျာဆရာကြည်ဇော်အေး၏ လူမှုကွန်ရက်အကောင့်မှ နောက်ဆုံးလွှင့်တင်ခဲ့သော ကဗျာအဖြစ် ကူးယူဖော်ပြပါသည်။ ဒေါင်းတမန်စာစဉ်

ဘာလင်တံတိုင်းကြီး ပြိုတဲ့အခါ

အချစ်ရေ... ချိုးဖြူငှက်လေးပြန်အလာကို ကိုယ်ဟာ ကျည်ဆန်တေးသွားနဲ့ကြိုရသူပါကွယ်။ ``ငါ့နိုင်ငံအတွက် သေချင်သေပါစေ၊ ငါ့ပြည်သူတွေနဲ့အတူနေပြီး  ရှရှားကျူးကျော်စစ်ကိုငါခုခံမယ်'' ယူကရိန်းသမ္မတဇယ်လန်စကီးရဲ့စကား... ကိုယ့်သွေးပွက်ပွက်က လေးစားမိတယ်။ သူရဲကောင်းစစ်စစ်တွေဟာ ကိုယ့်ခြေထောက်နဲ့ကိုယ်ပါကွဲ့။ ဘယ်ကန္တာရောက်ရောက် ဆူးကြောက်စရာမလိုပါဘူး။ တရားမျှတမှုကို ခင်တွယ်လို့ ဦးခေါင်းပွင့်ခဲ့ရတဲ့ နွေဦးရဲဘော်တွေကိုမြင်တိုင်း ကိုယ့်မှာ ကြေကွဲခြင်းအဘိဓမ္မာတွေနာရ... ကမ္ဘာမကြေဘူးအနုပညာကို သင်ယူရ… အဲဒီလို... ကိုယ်တို့ထိရှပျက်ကျမှုတွေနဲ့ အာသာငမ်းငမ်းတိုးဆောင့်လိုက်တဲ့ ဘာလင်ဟာ ဘယ်လောက်တောင် ထုသားပေသားကျန်မှာလဲ။ မငိုပါနဲ့ကွယ်။ မင်းနဲ့ကိုယ်ကြားဆက်သွယ်မှုဧရိယာမှာ မျက်ရည်ယိုဗုံးတွေ... ကျည်ကာဝတ်စုံတွေမလိုပါဘူး။ ရေဒါမှာမပေါ်တဲ့ မေတ္တာလမ်ဗဒါအား ကြီးမားဖို့​ပဲလိုတာပါ။ ဘာလင်ဟာ တစ်နေ့ပြိုလဲရမှာပဲမဟုတ်လား။ ဘာလင်တံတိုင်းကြီးပြိုတဲ့အခါ မင်းနဲ့ကိုယ် ဘုရားသွားမယ်။ ကျောင်းတက်မယ်။ အင်လျားကန်စောင်းကခုံပေါ်မှာ တစ်ယောက်ပုခုံးတစ်ယောက်မှီရင်း သုခမိန်လှိုင်ရဲ့ ကဗျာတွေ ပျော်ပျော်ပါးပါးရွတ်မယ်။ နောက်ပြီး မင်းသိပ်ကြိုက်တဲ့ ခင်ဝမ်းသီခ...

ငါသေရင် အမျှမဝေနဲ့ ယောက်ဖ

*ကိုယ်ခန္ဓာဆိုတာ ချစ်ခြင်းမေတ္တာနဲ့ဉာဏ်ပညာကိုသယ်ဆောင်ဖို့ ယာဥ်ရထားတစ်စင်းမျှသာ ဖြစ်တယ်။* ဝပ်ကျင်းမရှိတဲ့ စစ်တလင်းမှာ သခင်အားရလို့ ကျွန်ပါးဝချင်သူတွေကတစ်ဖက် ... ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာကို သယ်ဆောင်နေတဲ့ ယာဥ်ရထားတွေကတစ်ဖက်... ကျည်ဆန်ချင်း မီးဝင်းဝင်းချစ်ရတဲ့အခါ ငါသေရင် အမျှမဝေနဲ့ယောက်ဖ...။ ငါ့ဝိညာဥ်ဟာ သည်တိုင်းပြည် ရေလိုမအေးမချင်း ဘယ်ကြေးစည်သံကိုမှ သာဓုခေါ်ဖြစ်မှာမဟုတ်ဘူး။ ကိုအောင်ဝေးပြောဖူးတယ်။ ကဗျာဆရာကပစ်ရင် ဖက်ဆစ်ခေတ်ရဲ့ရင်အုံကို တည့်တည့်မှန်အောင်ပစ်သတဲ့။ ယောက်ဖရေ... မင်းဦးခေါင်းကို ကိုးဆယ်ဒီဂရီထောင်မတ်လိုက်... ငါတို့ကောင်းကင်က ကြယ်တွေဟာ  နှလုံးသားစစ်စစ်တွေပါ။ သူတို့ပုခုံးပေါ်က ကြယ်တွေသာ အမှောင်မှာ ဆင်ကန်းတောတိုးတုပနေတာ။ ခေတ်ဆိုးတစ်ခုရဲ့ ဒဏ်ရာကို သေရာပါတက်တူးထိုးရင်း လူငယ်ဘဝကို ဖီဆန်မှုဓားသွားနဲ့ တစ်စစီခုတ်လှီးလိုက်...။ **နှလုံးသားမပါရင် ဘယ်အရာမှ တရားမဝင်ဘူး။** ငါသေရင် အမျှမဝေနဲ့ယောက်ဖ...။ ယောက်ဖ သိလား...။ ဓားရဲ့တရားဆိုတာ ဝင့်ရုံနဲ့မရ ရှေ့တိုးခုတ်ယူမှရမယ်ဆိုတဲ့ ကိုကေဇဝင်းလည်း ရှေ့ဆုံးကနေ သေနတ်မှန်လို့ကျဆုံးရှာပြီ။ ငါ့အိမ်လေးမီးရှို့တော့ မင်းတို့ဘာရမှာလဲကွယ်ဆိုတဲ့ ကင်းမရွာသူဒေါ်သ...

ရထား

ဇလီဖားတုံးမဟုတ်ဘူး လူ​သေအလောင်းတွေ​​ သံလမ်းအစား လူအရိုးချင်း တေ့ဆက်လို့ ရထားဘီး"သွား"တွေ အငမ်းမရကြိတ်ဝါးရင်း လူ့အသက်​​ကို ဆီလိုဖြည့် ခုတ်မောင်းသွားပေါ့ ဉသြသံ မဟုတ် မရဏတံပိုးခရာ မှုတ်သံ ဘဝတွေ မီးခိုး​ငွေ့အဖြစ် လွင့်ပါးကျန်ခဲ့ပြီး ကပ်​ကြီးသုံးပါးကလွဲလို့ အ​ခြားဘာကုန်မှ မပါ ဆိုက်ရောက်ရာ ဘူတာတိုင်း မျက်ရည်အပြည့် အိုးကိုယ်စီ ခေါင်းပေါ်ရွက် ဆက်သ​နေရတယ် ဒီရထား ရပ်တန့်​အောင် မလုပ်နိုင်မချင်း ကြိတ်နင်းရာလမ်းတစ်လျှောက် ငါတို့ အရိုးခေါင်းတွေ ဘယ်လောက်တောင် ခင်းပေး​နေရမယ် မသိဘူး။ မီးငှက် MyitKwae  (မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ်၏ အတွဲ(၁)၊ အမှတ်စဉ် (၄၃) တွင် ဖော်ပြထားသည့်‌ ကဗျာကဏ္ဍမှ ကဗျာတစ်ပုဒ် ဖြစ်ပါသည်။ )

ပျော်ရည်

ဪ .. သူတို့တွေ သိပ်ပျော်နေကြပါလား ဪ ..  ငါတို့တွေ အိပ်ပျော်နေကြပါလား၊ ဘယ်တော့မှ မနိုးတော့ဘူး။  ပြည်မိုး