ရထား
ဇလီဖားတုံးမဟုတ်ဘူး
လူသေအလောင်းတွေ
သံလမ်းအစား
လူအရိုးချင်း တေ့ဆက်လို့
ရထားဘီး"သွား"တွေ
အငမ်းမရကြိတ်ဝါးရင်း
လူ့အသက်ကို ဆီလိုဖြည့်
ခုတ်မောင်းသွားပေါ့
ဉသြသံ မဟုတ်
မရဏတံပိုးခရာ မှုတ်သံ
ဘဝတွေ
မီးခိုးငွေ့အဖြစ် လွင့်ပါးကျန်ခဲ့ပြီး
ကပ်ကြီးသုံးပါးကလွဲလို့
အခြားဘာကုန်မှ မပါ
ဆိုက်ရောက်ရာ ဘူတာတိုင်း
မျက်ရည်အပြည့် အိုးကိုယ်စီ
ခေါင်းပေါ်ရွက်
ဆက်သနေရတယ်
ဒီရထား
ရပ်တန့်အောင် မလုပ်နိုင်မချင်း
ကြိတ်နင်းရာလမ်းတစ်လျှောက်
ငါတို့ အရိုးခေါင်းတွေ
ဘယ်လောက်တောင် ခင်းပေးနေရမယ်
မသိဘူး။
မီးငှက်
MyitKwae
(မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ်၏ အတွဲ(၁)၊ အမှတ်စဉ် (၄၃) တွင် ဖော်ပြထားသည့် ကဗျာကဏ္ဍမှ ကဗျာတစ်ပုဒ် ဖြစ်ပါသည်။ )
APPRECIATE.
ReplyDeleteဆိုက်ရောက်ရာ ဘူတာတိုင်း
ReplyDeleteမျက်ရည်အပြည့် အိုးကိုယ်စီ
ခေါင်းပေါ်ရွက်
ဆက်သနေရတယ်
Done!
ReplyDeleteDone!
DeleteFighting
ReplyDelete