Posts

စာကလေး

ဆန်စေ့တွေကြဲထားမယ်အထင်နဲ့ လာနေကြ ငှက်တစ်ကောင်လာနားနေတယ် စျေးတက်တယ်ဆိုတာသူမသိ ဘဝပျက်တယ်ဆိုတာသူမငြိ တိရစ္ဆာန်ပဲ တိရစ္ဆာန်လောက်သိမှာပေါ့ တချို့က  တိရစ္ဆာန်အသိနဲ့လူလုပ်နေတယ်။ ။ နေလွဏ်းအိမ်

လွမ်းရပါသော နွေ

အာရုဏ်ဦးရဲ့အလှ နေမင်းကြီးက ရဲသွေးနီရောင် သမ်းတော့... နိုးထချိန်ကတည်းက ရတက်မအေး ပူဆွေးခြင်းနဲ့ စရတာပေါ့...။ အသက်နဲ့ခန္ဓာ ကျန်းမာနေပေမဲ့ စိတ်ရဲ့ပျံ့လွှင့်မှုကတော့... နွေဦးရဲ့ လေရူးထက်သာလွန်းပါတယ်။ နွေဦးရဲ့ မုတ်သုန်လေက တဖြူးဖြူး ရွက်ကြွေလေးတွေလည်း လွင့်လူးလို့ပေါ့...။ ဩဥသံချို မကြားသေးသော်လည်း... မတရားမှုတွေနဲ့ အမှောင်ပိတ်ခံထားရတဲ့ပြည်သူကိုချစ်တဲ့ ငါတို့အမေအိုကို လွမ်းတယ်။ ရှေ့တန်းမှာ ဆန္ဒထုတ်ဖော်ရင်း ဖမ်းဆီးခံရတဲ့သံတိုင်ကြားက အမှန်တရားဘက်တော်သားတွေကို လွမ်းတယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ရတဲ့ငါတို့ရဲ့သွေးချင်းညီနောင်တွေကို လွမ်းတယ်။ နွေဦးရဲ့အလွမ်းဇာတ် အခန်းဆက်တွေလည်းများလှပါပြီ။ နွေဦးရဲ့လေရူးနဲ့အတူ ... ရင်ထဲမှာလည်း နာကျည်းငိုရှိုက်သံတွေနဲ့ မျက်ဝန်းအိမ်မှာလည်း အလွမ်းငွေ့တွေနဲ့ပေါ့...။  BEE  MyitKwae  မြစ်ကွေ့-လူထုတော်လှန်ရေးစာစဥ်

မာရီလင်မွန်ရိုးသို့တမ်းချင်း

ဆင်းရဲခြင်းက ဒုက္ခတဲ့။ နီလာရောင်ရေချိုးခန်း ပရစ်(စ်)ရေမွှေးဖျန်းထားသောပန်းခြံ မရမ်းရောင်ရှန်ပိန် ရေခဲစိမ်မာတန် ငွေခြည်ရောင်ရေခဲသေတ္တာတို့ကြားမှာ အဆိပ်သောက်သေဆုံးသွားသော ဟောလိဝုဒ်၏ကြယ်ပွင့်အပြာ အို...မာရီလင်မွန်ရိုး။ ချမ်းသာခြင်းမှာ ဘာဒုက္ခများတွေ့ခဲ့လဲ။ သုခမိန်လှိုင်(ဂျွန်လ၏မိုးရေများမှ)

နီတိသစ်

. ရက်လွန်နေတဲ့ စည်သွပ်ဗူးကိုဖောက်လိုက်တဲ့အခါ အထဲက.... နိုင်ငံတော် သီချင်းထွက်လာတယ်။ "များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်"တဲ့။ ဟမ်ဘာဂါသာ ရိုးချင်ရိုးသွားမယ် မော်စီတုံးစကားဟာ မရိုးဘူး ရန်သူကို မိတ်ဆွေဖြစ်ဖို့ဆို ကွန်ဒုံးကောင်းကောင်းတော့ လိုတာပေါ့။ ယောကျာ်း ပီသဆေးလို နိုင်ငံတော် ပီသဆေး ရှိရင်ကောင်းမယ် တရားမျှတခြင်းကို ဖာတန်းမှာ သွားရှာရတဲ့အခါ။ . သစ္စာနီ .

အသက်ဗူး

ဘဝခရီးဖော်ရေ နံနက်ခင်း လမ်းလျှောက်ဖော်ရေ တို့ငယ်ငယ်က ငါ့ပြောစကား မင်းမှတ်မိလား "မင်းမဲ့နိုင်ငံ" ဆိုတာရောက်တော့မယ် မင်းမရှိတော့ရင် ငါဘယ်လို နေကျန်ရမလဲ မင်းမရှိရင် ငါမရှိတော့ဘူး။   ။ . မောင်အောင်ပွင့်

မတ် လ တော် လှန် ရေး

ဒီတစ်ကြိမ်သာ ထပ်ရှုံးလို့ မိုးမှောင်ကျရင် နောက်ထပ်အနှစ် ၄၀ ပဲ ။ လေထဲမှာ  မင်းလက်ကို မမြှောက်လိုက်ပါနဲ့  လူငယ် ငါတို့လို အိုစာတဲ့အဖိုးကြီး  ဖြစ်သွားလိမ့်မယ်  ။   ။ ဝင်းမြင့် ၂၈  ၊ ၃   ၊ ၂၀၂၁
ဒီလိုအခက်အခဲအတိုင်း အခက်အခဲတိုင်းပေါ့လေ ။ ငါတို့ဖြတ်ကျော်ပြီး  ဖြတ်ကျော်ပြီး ဖြတ်ကျော်ကြတာပေါ့လေ ။ -အောင်ချိမ့်