နီတိသစ်
.ရက်လွန်နေတဲ့ စည်သွပ်ဗူးကိုဖောက်လိုက်တဲ့အခါ
အထဲက....
နိုင်ငံတော် သီချင်းထွက်လာတယ်။
"များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်"တဲ့။
ဟမ်ဘာဂါသာ ရိုးချင်ရိုးသွားမယ်
မော်စီတုံးစကားဟာ မရိုးဘူး
ရန်သူကို မိတ်ဆွေဖြစ်ဖို့ဆို
ကွန်ဒုံးကောင်းကောင်းတော့ လိုတာပေါ့။
ယောကျာ်း ပီသဆေးလို
နိုင်ငံတော် ပီသဆေး ရှိရင်ကောင်းမယ်
တရားမျှတခြင်းကို ဖာတန်းမှာ သွားရှာရတဲ့အခါ။
.
သစ္စာနီ.
♥️
ReplyDelete😞😞
ReplyDeleteClick with love
ReplyDelete