Revolution Reviews
လွတ်လပ်ခြင်းဟာ ချစ်ခြင်းတရားလိုပဲ
သိပ်အဖိုးတန်တယ်ဆိုတာ သိခဲ့တယ်
ယုံကြည်ချက်ဟာ ရှင်သန်မူထက် လေးနက်တယ်
လူငယ်တွေဟာ ထင်တာထက် ပိုသန်မာတယ်
လူတွေ အာဏာရူးလာရင် တိုင်းပြည်တခုလုံး အနာဂတ်ပျောက်သွားနိုင်တယ်ဆိုတာ ကြုံခဲ့တယ်
အုပ်ချုပ်မူစနစ်တခုမှားတာနဲ့ တိုင်းပြည်
ခုလုံး အမှောင်ခေတ်ပြန်ရောက်မယ်ဆိုတာ သိခဲ့ရတယ်
လူတွေ ကောက်ကျစ်ယုတ်မာအကြမ်းဖက်လာရင် ဘယ်နတ်ဘုရားကိုမှ ဆုတောင်းလို့မရတာ လက်တွေ့ပဲ
ဘယ်ဘာသာကိုးကွယ်ပြီး ဘယ်ဘုရားကို ယုံတာထက် ကိုယ်ခြင်းစာတရားနဲ့ ချစ်ခြင်းတရားကို ယုံဖို့ ကြုံခဲ့ရတယ်
ရှင်သန်မူရဲ့တန်ဖိုးဟာ ရေပွက်ပမာ ခဏတာပဲဆိုတာ မြင်တွေ့သိရှိခဲ့ရတယ်
အောင်မြင်မှု ကျော်ကြားမှုတွေဟာလဲ ဘာမှမဟုတ်ခဲ့ ဆိုတာ သိလာရတယ်
ကမ္ဘာကြီးဟာ မကောင်းတဲ့သူတွေကြောင့် ပျက်စီးတာ မဟုတ်
မကောင်းမူတွေကို ထိုင်ကြည့်နေတဲ့သူတွေကြောင့်သာ
ပျက်စီးလိမ့်မယ်ဆိုတာ ကိုယ်တိုင်ကြုံခဲ့ရတယ်လေ.
San Zuren 🌸
ယုံကြည်ချက်ဟာ ရှင်သန်မှုထက် လေးနက်တယ်
ReplyDelete
ReplyDeleteကမ္ဘာကြီးဟာ မကောင်းတဲ့သူတွေကြောင့် ပျက်စီးတာ မဟုတ်
မကောင်းမူတွေကို ထိုင်ကြည့်နေတဲ့သူတွေကြောင့်သာ
ပျက်စီးလိမ့်မယ်ဆိုတာ ကိုယ်တိုင်ကြုံခဲ့ရတယ်လေ.