Posts

မိုးကခုထိမလင်းသေးဘူးလား သူငယ်ချင်း

Image
လမ်းပေါ်မှာလမ်းလျှောက်ရတာ အဆင်မပြေဘူး ထွက်သွားသူတွေကိုနှုတ်ဆက်ရတာအဆင်မပြေဘူး လွမ်းသမျှကိုမေ့ပြစ်ရတာလည်းအဆင်မပြေဘူး သတိရသမျှကို ပြောပြရတာလည်းအဆင်မပြေဘူး မတရားမှုတွေနဲ့သာ ကြုံနေရတော့ တရားဓမ္မကိုနှလုံးသွင်းဖိုလည်း အဆင်မပြေဘူး ကပ်သုံးပါးကလွတ်ဖို  ရပ်ပြစ်ရှစ်ပါးကလွတ်ဖို ရန်သူမျိုးငါးပါးက လွတ်ဖို အဆင်မပြေသေးတော့ မဂ်တရား ဖိုလ်တရားရဖိုလည်း အဆင်မပြေဘူး အခါခပ်သိမ်း မငြိမ်းချမ်းတဲ့နေ့တွေထဲ ဘုရားအဆူဆူ အသက်ရှုကြပ်နေတဲ့အခါ ငါတိုအဖြစ်ကလည်း ဘဝတခုလုံးစာ နလံမထူခဲ့ကြ မိုးကခုထိမလင်းသေးဘူလား သူငယ်ချင်း။ လင်းလွန်း YDNBUSU  AVS  liberation

သင်သွားလိုရာ သွားနိုင်ပြီ

Image
ဆောင်းဘောက်က ဖွင့်တဲ့ တရားသံ နားမခံနိုင်အောင် နာကျင်ရတယ် အမေ အမေ့သား လူမိုက်ကြီး ကတော့ ဘုရား တရား မေ့နေပြီလား ပေါ့   နံဘေးမှာ ရပ်နေတဲ့ လူတချို့ ကျွန်တော့်ကို စကားမပြောဘူး အမေ အေးစက်တဲ့ ခံစားချက်ကြီးတွေနဲ့ သူတို့ ငေးငိုင်နေရှာတယ်။   ဖြတ်တိုက်သွားတဲ့ လေညင်းထဲမယ် နာမည်ခေါ်သံတွေ ကြားနေရတယ် ခပ်သဲ့သဲ့ ကြားမိလိုက်တဲ့ အသံက " သင်သွားလိုရာ သွားနိုင်ပြီ " တဲ့လေ   ဒိုင်း ဒိုင်း ဒိုင်း ဒါဟာ သေနတ်သံ ထောင်ပစ်လိုက်တဲ့ ကျည်ဆံတွေ နှမြောတသသနဲ့ ကြည့်နေမိတယ် ။   ငိုနေကျတဲ့ သူငယ်ချင်းတွေက ကျွန်တော့်နာမည် ခေါ်တာ အမြဲပါလား မီးရှိူ့ပစ်တဲ့ ကျွန်တော့် အသုံးဆောင်တချို့ ကျွန်တော် ပြေးယူခဲ့သေးတယ် အမေ ဒါပေမယ့် ကျွန်တော် ကိုင်ခွင့် မရှိခဲ့ဘူး     ကျွန်တော့် ခန္ဓာကြီး မြေကြီးထဲ နစ်မြုပ်သွားချိန် အော် ငါသေသွားပြီလားလို့ တွေးတောပြီး ကျလာတဲ့ မျက်ရည် လေပေါ်တင် ပျောက်ကွယ်ခဲ့တယ် ။   အိမ်ကိုပြန်မဲ့ အတွေး ဝင်လာတော့ ခဏအတွင်း အိမ်ရှေ့ရောက်ခဲ့တယ် ဒါပေမယ့် ဝင်ခွင့်မရရှိခဲ့ဘူး   ဒါ့ကြောင့် လက်နက်တွေနဲ့ ဒီမိုကရေစီကို ရဖို့အတွက် ခြေလက်တွေနဲ့ လဲတယ် အနာဂတ်တွေနဲ့ လဲတယ် အသက်တွေနဲ့ လဲတယ် ။   ကိ...

အမှန်တရားနဲနဲခါးခါးမယ်

ရာဇာပလ္လင်ခွေးကဝင်လု ပြည်သူအကျိုးပြုလူတစ်စု ကိုအကျင်းထောင်ချ ငြင်းတောင်မရတဲ့ခေတ္တ် မရည်ရွယ်ဘဲလက်နက်ကိုင်ဆောင်နိူင်ငံအသစ်တည်ထောင်မည်ဟု အားမန်ခဲရင်းဂတိပြုလို့ ငါတို့လူငယ်တွေစတေးရတဲ့ခေတ် ယုံကြည်ရာကိုတွယ်ကတ်ရင်းမိဘဆိုတာသူစိမ်းပမာ ဥပေက္ခာပြုထားရတဲ့ခေတ္တ် ပြည်သူအကျိုးရှေးရှလို့ အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း နှလုံးသားကိုစတေး ဘဝကိုပေးလဲ အသိတရားမဲ့တဲ့ လူတစ်စုကြောင့် ငါတို့အနာဂတ်တွေ ဝေဝါးနေဆဲမို့ ရင်နာစရာကောင်းတဲ့ခေတ္တ် မကြာခင်မှာအောင်ပွဲရဖို့ လုံ့လစိုက်လို့ တိုက်ထုပ်ကျရင်း ဘဝစစ်တလင်းမှာ အာဏာရှင်ကိုချနင်းလို့ ငါတို့ရင်းခဲ့ရတဲ့ ဘဝတွေအတွက် အတိုးအရင်းနှစ်မျိုးရှင်းမှ ကျေမှာမို့နိုင်ရာဝန်ထမ်း တိုက်ကြစို့။ ဇင်ယော်*ခ*ဥ*

ငါ့နာမည်ဂုဏ်သရေရှိ

ဒီအချိန်ကစ ဒီနေရာကစ အခုကစပြီးသကာလ ငါ့နာမည်“ဂုဏ်သရေရှိ”ဖြစ်တယ် ငါ့နာမည်“ဂုဏ်သရေရှိ” ဘ၀အဆက်ဆက်က ငါ့နာမည်တွေ လက်ထိုးအန်ပစ်ရမယ် ငါ့နာမည်”ဂုဏ်သရေရှိ” အခုလို ငါ့နာမည်ကို ”ဂုဏ်သရေရှိ”လို့ ခေါ်ဆိုရမည့်အကြောင်း ငါ့အပေါင်း ငါ့အသင်းတွေကို ပြောတော့ ဒင်းတို့က သဘောမတူကြသလို ငါက ချစ်သလောက် ငါ့ကို ပြန်မချစ်နိုင်တဲ့ ငါ့ချစ်သူကလည်း ငါ့ကိုမကြည်ဘူး ထား ခုကြည့် ငါ့အမေကလည်း တငိုငိုတယိုယို။ နာမည်ဆိုတာ တည်ဆောက်ယူရတယ် နာမည်မရှိရင် ဘာမှမရှိ နာမည်ရှိမှ လူတစ်လုံးသူတစ်လုံးဖြစ်သော လူတစ်လုံးသူတစ်လုံးများကြား နာမည်မရှိရင် သေနိုင်တယ်။ ဘယ်လိုလုပ်မလဲ လွယ်ပါတယ် နာမည်ဆိုတာ မြို့တွေထဲမှာရှာကြည့် “မက်ဒရစ်”တဲ့ နာမည်ဆိုတာ မြစ်တွေထဲမှာရှာကြည့် ”ဗော်လဂါ”တဲ့။ နာမည်ဆိုတာ တောင်တန်းတွေထဲမှာရှာကြည့် “ကီလီမန်ဂျာရိုး”တဲ့။ နာမည်ဆိုတာ လမ်းတွေထဲမှာရှာကြည့် ”ရှောင်ဆေလီဆေး”တဲ့။ နာမည်ဆိုတာ “ငါ့ကိုမြန်မြန်နမ်းပါ”ဆိုတဲ့ ပန်းကလေးတွေမှာတောင် ရှိနေတာပဲ။ အားလုံး နာမည်ကိုယ်စီကိုယ်ငနဲ့လှလို့ နာမည်ဆိုတာ လှဖို့လည်းလိုအပ်တယ် ငါ့နာမည်”ဂုဏ်သရေရှိ”လို လှဖို့လည်းအပ်တယ်။ ငါ့ဥာဏ်နဲ့ လက်လှမ်းမီသ၍ လှတဲ့နာမည်တွေ ငါချရေးလိုက်တယ်။ ဖော်ဝေး မြေချစ်သူ မောင်ချောနွယ်...

ကဗျာကဏ္ဍ

 "ဘယ်တုန်းကမှ  ကမ္ဘာဟာ ငါတို့ဘက်မှာမရှိခဲ့ဘူး ကိုယ့်အလံကိုယ်လွှင့် ကိုယ့်ရွက်ကိုယ်ဖွင့် ဆန်တက်ခဲ့ရတာချည်းပဲ" ကြည်ဇော်အေး

တော်လှန် လူငယ်

ရုတ်ချည်းဆိုသလို နွေရာသီဟာ ခေတ်တစ်ခတ်ကိုဖြတ်တိုက်သွားတော့ ဆံပင်ရှည်ရှည်နဲ့ ကောင်တွေ ဝါဒီနဲ့စကားပြောတဲ့ ကောင်တွေ မိဘစကားဆိုမြေ၀ယ်မကျငြင်းပယ်တဲ့ ကောင်တွေ ဒီလိုကောင်တွေ ဟာ  တောတွေဆီ တောင်တွေဆီ  အငွေ့ပျံခဲ့ရ ပေါ့ ဒီကောင်တွေက နိုင်ငံတော်တစ်ခုထူထောင်ချင်လိုကြတယ် ဒီကောင်တွေထူထောင်တဲ့ အဲ့ဒီနိုင်ငံမှာ လက်ဖက်ရည် နဲ့ တက်တူးဆိုင် အရက် ဘီယာ ဆေးခြောက်  လိပ်ပြာတစ်ကောင်ရဲ့ကူးလူးပျံသန်းပုံလို နူးညံ့တဲ့ ပန်းမျိုးစုံ  လွတ်လပ်မှုကိုရှေ့တန်းတင်တဲ့ နှလုံးသားတစ်ခု  ဒါသာ ရှိမယ် အိုင်းစတိုင်း နယူတန် ပိုက်သာဂိုရပ် တို့ရဲ့ အဖိုးတန်တွေ့ရှိမှုထဲမှာ ဒီကောင်တွေမပါကြဘူး ဒီကောင်တွေ က ဘောလုံးပွဲတစ်ပွဲမှာဆို နောက်ဆုံးအဆုံးဖြတ်ဂိုးကိုသွင်းပေးနိုင်တဲ့ တိုက်စစ်မှူး ဒီကောင်တွေ က စစြ္ပဲတစြ္ပဲမွာဆို နောက်ဆုံးအဆုံးအဖြတ်ပေး သေစေနိုင်တဲ့ ကျည်တစ်တောင့် သမိုင်းနဲ့စနစ်လမ်းမှာထနေတဲ့ ဖုန်တွေကို သုတ်ပေးကြတာ ဒီကောင်တွေလက်ပေါ့ လို့ တစ်ချိန်ကျ ဂျိုးဖြူငှက်ကလေး က  စကြာ၀ဠာတစ်တိုက်လုံးတုန်ဟီးနေအောင် ပြောပါလိမ့်မယ် အဲ့အခါ ဒီကဗျာကိုဖတ်ရင်း ဒီကောင်တွေဆိုတာဘယ်သူလဲလို့ မင့်တို့မျိုးဆက်ကမေးကောင်းမေးရင် ဒီကောင်တွေဆိုတာ...

ငါတို့မင်းတို့လူငယ်ဘဝတွေ

"ပျော်ရာမှာမနေရ တော်ရာမှာနေနေရတဲ့ဘဝပါကွာ"တဲ့ ငါ့‌မှာတော့ ပျော်စရာလည်းမရှိ တော်ရာနေရာဆိုတာလည်းမသိ မင်းပြောပြတဲ့ ချာလီချက်ပလင်အကြောင်း ရယ်စရာကောင်းလည်း မရယ်ရ ငါတို့မင်းတို့လူငယ်ဘဝတွေ။ ဒီတော်လှန်ရေးကြီးပြီးရင်တဲ့... မသေခင်လည်း သေရ ငါတို့မင်းတို့လူငယ်ဘဝတွေ။ "အစစအရာရာ အဆင်မပြေပါဘူးကွာ"တဲ့ ငါ့မှာတော့ ဒုက္ခတွေနဲ့အဆင်ပြေလို့ နေချင်စရာမကောင်းတဲ့ ကမ္ဘာကြီးထဲ သေချင်လို့လည်း မသေရဲ ငါတို့မင်းတို့လူငယ်ဘဝတွေ။ "သူကငါ့ကိုပြန်မချစ်ဘူးကွာ"တဲ့ ငါ့မှာလည်းအချစ်ဒုက္ခ ငါတို့ချစ်တိုင်းလည်း သူတို့ပြန်မချစ်ကြ ငါတို့မင်းတို့လူငယ်ဘဝတွေ။ ဒီတော်လှန်‌ရေးကြီးပြီးရင် ငါ့တို့လူငယ်ဘဝအစကပြန်စရမယ်"တဲ့ ငါကလှောင်ရယ်ရယ်ပြတော့မှ စကားကိုရပ် အသက်ကိုတွက်တယ် ဒီတော်လှန်ရေးကြီးပြီးရင် ငါတို့လူငယ်ဘဝလည်းပြီးပြီတဲ့ ရယ်လို့လည်းမရ ငိုလို့လည်းမရ ငါတို့မင်းတို့လူငယ်ဘဝတွေ။   -အောင်လူမော်