အမှန်တရားနဲနဲခါးခါးမယ်


ရာဇာပလ္လင်ခွေးကဝင်လု

ပြည်သူအကျိုးပြုလူတစ်စု

ကိုအကျင်းထောင်ချ

ငြင်းတောင်မရတဲ့ခေတ္တ်


မရည်ရွယ်ဘဲလက်နက်ကိုင်ဆောင်နိူင်ငံအသစ်တည်ထောင်မည်ဟု

အားမန်ခဲရင်းဂတိပြုလို့

ငါတို့လူငယ်တွေစတေးရတဲ့ခေတ်


ယုံကြည်ရာကိုတွယ်ကတ်ရင်းမိဘဆိုတာသူစိမ်းပမာ

ဥပေက္ခာပြုထားရတဲ့ခေတ္တ်


ပြည်သူအကျိုးရှေးရှလို့

အမှန်တရားအတွက်

တိုက်ပွဲဝင်ရင်း

နှလုံးသားကိုစတေး

ဘဝကိုပေးလဲ

အသိတရားမဲ့တဲ့

လူတစ်စုကြောင့်

ငါတို့အနာဂတ်တွေ

ဝေဝါးနေဆဲမို့

ရင်နာစရာကောင်းတဲ့ခေတ္တ်


မကြာခင်မှာအောင်ပွဲရဖို့

လုံ့လစိုက်လို့

တိုက်ထုပ်ကျရင်း

ဘဝစစ်တလင်းမှာ

အာဏာရှင်ကိုချနင်းလို့

ငါတို့ရင်းခဲ့ရတဲ့

ဘဝတွေအတွက်

အတိုးအရင်းနှစ်မျိုးရှင်းမှ

ကျေမှာမို့နိုင်ရာဝန်ထမ်း

တိုက်ကြစို့။


ဇင်ယော်*ခ*ဥ*

Comments

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ