ငါတို့တိုက်ပွဲ သံဓိဌာန်

"ငါတို့တိုက်ပွဲ သံဓိဌာန်"


တိုက်ပွဲမပြီး ငါမငြီးဘူး
ခရီးကပန်း ငါမမောဘူး
အလွမ်းအဆွေး ငါမတွေးဘူး
ရိက္ခာပြတ်လဲ ငါမမှု့ဘူး

လမ်းခရီးတွေ 
ကြမ်းထန်ခက်လည်း
စိတ်ပျက်လက်အား ‌ 
ငါ လျှော့မသွားဘူး
သွေးစိမ်းတောက်တောက်
ခြေဖဝါးအောက် ကျပါစေ 
ငါ ဂရုမစိုက်ဘူး

ဆက်လျှောက်နေမယ့် 
ငါတို့ရဲ့ လမ်း
စိတ်အား သံမဏိ 
လူ သံမဏိ လို ငါထားပြီးမှ
လိုရာပန်းတိုင် နောက်မဆုတ်ပဲ
အရောက်လှမ်းကြမယ်ဟေ့

ဒါ ...
ငါတို့တိုက်ပွဲ သံဓိဌာန်✊



San Zuren 🌸

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ