မကျွတ်လွတ်တဲ့ အလွမ်းငယ်

 အသံတွေ ကြားရတယ် . . .

ပုံရိပ်တွေလဲ မြင်ရတယ်. . .


အကြိမ်ကြိမ် ဆွဲဖွင့်ကြည့်လည်း

မင်းကတော့ ထွက်မလာဘူး ။


ငါ့မှာတော့ သေဆုံးခြင်းကို 

ခဏခဏ . . .

ရေစက်ချပေးပေမယ့်

အစွဲလန်း ကြီးလွန်းတဲ့ မင်းက

ဘယ်တော့မှ သာဓုမခေါ်ခဲ့ဘူး။


ဒါနဲ့များ မင်းရှိနေသေးတာ 

ဘာလို့ ငါ့ကို

ခဏခဏ . . .

သတိပေးနေရတာလဲ . . .


#မကျွတ်လွတ်တဲ့အလွမ်းငယ်   

( Psycho ) ( ၁၆. ၉ . ၂၀၂၁ ) 


#ပိုင်တံခွန်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ