မအလရဲ့ ကောက်ကျစ် အစီအမံ
"ဆင်းရဲတွင်းနက်သထက် နက်အောင်လုပ်နေတဲ့ မအလ..."
လျှပ်စစ်မီးဖြတ်တောက်တယ်ဆိုတာ
သတင်းအမှောင်ချယုံ ၊ စိတ်ဒုက္ခပေးယုံသပ်သပ်
မဟုတ်ဘူးနော်...တစ်ချက်ခုတ် ၆ချက်ပြတ်
လုပ်နေတာ...
၁။ အသေးစားလုပ်ငန်း လည်ပက်နေသူတွေ
ရပ်ဆိုင်းသွားမယ် ၊ နောက်ဆက်တွဲ အလုပ်လက်မဲ့
တွေ ဒုနဲ့ဒေး ပေါ်ထွက်လာမယ်...
တချို့စက်ယက်ကန်းနဲ့ အသက်မွေးဝမ်းကျောင်း
ုပြုနေကြတဲ့ ဒေသတွေမှာ အဆိုပါလုပ်ငန်းတွေ
ရပ်နားလိုက်ရပြီ ၊ မေ-သယုံတမယ် စားသောက်
နေရကြောင်း သိရတယ်...
တခြားလျှပ်စစ်မီးအားကိုးနဲ့
လည်ပက်နေတဲ့အလုပ်တွေ အများကြီးရှိသေးတယ်...
ဆီနဲ့လည်ပက်ဖို့ မစဉ်းစားနဲ့
ဆီဖိုးနဲ့ဆိုရင် မကိုက်ကြတော့ဘူး ၊
ခွက်ဆွဲရလိမ့်မယ်...
ဒါ့ကြောင့်ဆီဆေးကိုလည်း တာဝတိ ံသာထိ
မအလက မြှင့်တင်ပေးထားတယ်...
၂။ ပြီးတော့ ချိနားထုတ် အီလက်ထောနစ်ပစ္စည်းတွေ
များစွာရောင်းထွက်မယ်..၎င်းချိနားထုတ်ပစ္စည်းတွေကို
ဆိုင်ပေါ်တင်ထားတဲ့သူတွေအတွက်တော့ မဟာအခွင့်
အရေးကြီးပဲ ၊ အထူးလက်ယပ်ခေါ်စရာမလိုဘဲ
စျေးတင်ရိုက်နေလို့ရတယ်....
စစ်အုပ်စုနဲ့ ပလဲနံသင့်တဲ့ဆိုင်တွေ ပိုလို့တောင်
အကျိုးအမြတ်ရကြတယ် ၊ အိတ်ဝင် သပိတ်ဝင်...
ဥပမာ။ ။ ဆိုလာပြား ၊ ဘက်ထရီ ၊ ပါဝါဘန့် ၊
မီးစက် ၊ အင်ဗာတာ အစရှိတဲ့ပစ္စည်းတွေ မဖြစ်မနေ
ဝယ်ယူရတော့မှာကိုး...
မအလက ပထွေးကျေးဇူးတွေဆပ်နေတာ ၊
ချိနားအတွက်တော့ လက်ဖက်ပေါ်ဆီကျတာပဲ...
တချိန်ကရောင်းမထွက်တာတွေ
နေ့ချင်း ၊ ညချင်း လက်မလည်အောင်
ရောင်းထွက်ကုန်ပြီ...
ဆိုတော့ကား
လတ်တလော အမြတ်ထွက်သွားတာက
ချိနားထုတ်ပစ္စည်းတွေ လက်ဝယ်ထားရှိတဲ့
ဆိုင်တွေနဲ့ ချိနားဆိုရင် မမှားလောက်ပါဘူးနော့်...
၃။ ဒါဟာ ပြည်သူ့လက်ထဲမှာကိုင်ထားတဲ့ငွေတွေကို
အနုနည်းနဲ့ ဆွဲယူလိုက်တာပဲ.. ပြည်သူတွေဘဝဟာ
စားရဖို့တောင်အနိုင်နိုင်ဖြစ်နေချိန်မှာ မြွေပူရာကင်းမှောက်
နူရာဝဲဆွဲ ၊ လဲရာသူခိုးထောင်းတာပဲ...
ပြည်သူ့လက်ထဲမှာငွေစ မရှိမှ တော်လှန်ရေးကို
ထောက်ပံ့လို့ မရမှာလေ... ဒါကိုအခွင့်ကောင်းယူပြီး
အသုံးချနေတာဖြစ်တယ်...
၄။ Wifi သမားတွေ ဘေးကြပ် နံကြပ်ဖြစ်ပြီး
Click ဘက်မှာ အားလျော့စေတယ် ၊ သတင်းတွေ
ကိုလည်း အချိန်နဲ့တပြေးညီ မဖြန့်ဝေနိုင်တော့ဘူး...
သတင်းစီးဆင်းမှုနှေးကွေးအောင်လုပ်တယ်...
၅။ ပြည်သူတွေကို ဆင်းရဲတွင်းနက်သထက်အောင်
လုပ်ထားတယ် ၊ ဒါမှသာလျှင် ကိုယ့်ဝမ်းစာကိုယ် ရှာဖွေ
စားသောက်နေတာနဲ့ တော်လှန်ရေးဖက်ကို မလှည့်နိုင်
ဖြစ်မှာပါ...
ယုတ်အစွဆုံး ထင်းနဲ့မီးသွေးအတွက်
မီးဖိုချောင်ကုန်ကျစားရိတ် ကြီးမားသွားတော့
ထောက်ပံ့မှု ယခင်ထက်လျော့ကျသွားမယ်...
ဥပမာ
ယခင် ၁သာင်းပံ့ပိုးနေကျသူတွေဟာ ၊
၁ထောင်ပဲ ပံ့ပိုးပေးနိုင်တော့မယ်ဟု
ဆိုလိုချင်တာပါ...
၆။ တဖြည်းဖြည်းဒုက္ခနဲ့ယဉ်ပါးလာအောင်
ကျုံးသွင်းခြင်းဖြစ်တယ် ၊ အဓိက အဲ့ဒီအချက်ကို
မမေ့ပါနဲ့... သွေးအေးသွားလို့မရပါဘူး...
ဒုက္ခနဲ့ယဉ်ပါးပြီဆိုတာနဲ့ မအလအကြိုက်
ဖြစ်သွားမှာပါ...
မည်သို့ပင်ဆိုစေကာမူ
ဒုက္ခတွေ တနင်တပိုးပေးနေသော
မင်းအောင်လှိုင်အုပ်စုကျဆုံးရေးကို
ယခင်ထက်ပိုမိုအားစိုက် တွန်းကြတာပေါ့...
မင်းအောင်လှိုင်ဟာ သူယုတ်မာပီပီ
မလုပ်ရဲတာ ဘာမှမရှိပါဘူးဆိုတာပြောရင်း...
တလရ အင်အားစုကြီးအား
အစဉ်လေးစားလျှက်...
🖊️🖊️🖊️
အင်းဝသားကြီး ဖော်ကောင် ငထင်
Copy crd
မင်းညို 🇹🇼🇹🇼
နိုင်ရာတာဝန်ယူလျှက်💪💪💪
ReplyDeleteDone
DeleteClick မပျက် click လျက်
ReplyDelete