ဒေါ်အောင်ဆန်းစုကြည်နှင့် ဘာသာရေး

 ကျမက မြတ်စွာဘုရားကို စော်ကားပုတ်ခတ်နေသလိုလို။ ဒါလည်း ကျမကို သက်သက်မဲ့ တိုက်ခိုက်တာပဲ။ ဒီကိစ္စနဲ့ပတ်သတ်လို့ မြတ်စွာဘုရားဟာ သာမန်လူတစ်ယောက်ဖြစ်တယ်လို့ ပြောတယ်ဆိုပြီးတော့ ကျမကိုစွပ်စွဲတယ်။ ဒါ အင်မတန်မှ အောက်တန်းကျတဲ့ စွပ်စွဲချက်ပဲ။ ကျမပြောသွားတဲ့ဟာ ကြိုးစားရင် ဘုရားဖြစ်နိုင်တယ်။ ဒါကျမတို့ ဆိုရိုးစကားပဲ။ ကျမတီထွင်တဲ့ စကားမဟုတ်ဘူး။ ကျမတို့ ဗမာလူမျိုးမှန်သမျှ ဒီစကားကိုသိရမယ်။ ကြိုးစားလို့ရှိရှိရင် ဘုရားဖြစ်နိုင်တယ်။ ကြိုးစားကြပါ။ မြင့်မြင့်ကြံကြပါ။ ကျမကပြောတယ်။ မြတ်စွာဘုရားဟာ လူ့ဘဝကနေ ဘုရားဖြစ်သွားတာပဲ။ အဲ့ဒီတော့ ကြိုးစားရင် ဘုရားဖြစ်တယ်ဆိုတဲ့ အဆိုကို ခေါင်းထဲမှာ စွဲစွဲမြဲမြဲ ထားပြီးတော့ ကိုယ့်ကိုကိုယ် မြှင့်တင်ကြပါ။ ဒါကိုကျမပြောသွားတာပဲ။ မြတ်စွာဘုရားကို ဘယ်လိုမှ စော်ကားတာမဟုတ်ဘူး။ ဒါကိုလည်းသိလျက်သားနဲ့ နဝတဟာ  ကလေးဆန်ဆန် အောက်တန်းကျကျနဲ့ ကျမကို မမှန်ကန်တဲ့နည်းတွေနဲ့ တိုက်ခိုက်သွားပါတယ်။ ဒီတော့ ဗုဒ္ဓဘာသာမဟုတ်ကြလို့လား။  နဝတများဟာ နဝတအရာရှိများဟာ ဗုဒ္ဓဘာသာဝင်များဖြစ်လို့ရှိရင် သိသင့်သိထိုက်ပါတယ်။ မြတ်စွာဘုရားဆိုတာ လူ့လောကမှ ပွင့်နိုင်တာ။ ဗြဟ္မာလောကတို့ နတ်လောကတို့ကနေ မပွင့်နိုင်ဘူး။ လူ့ဘဝကမှ ဘုရားပွင့်တယ်ဆိုတာ နဝတကလူကြီးများ မသိကြဘူးလား။ နောက်ဒီလောက်တောင်မှ ဗုဒ္ဓဘုရားကို ကိုင်းရှိုင်းတယ်ဆိုလို့ရှိရင် ပထမဦးဆုံး ငါးပါးသီလကိုသာ မြဲအောင်လုပ်ကြပါ။ ကျမဆိုတာလည်း တခါမှ ပါဏာတိပါတာ မကျူးလွန်ခဲ့ပါဘူး။ မုသာဝါဒဆိုတာလည်း တခါမှ မကျူးလွန်ခဲ့ပါဘူး။ အဲ့ဒီတော့ နဝတလူကြီးများဟာ တကယ်ပဲဗုဒ္ဓဘာသာကို ရိုသေတယ် တကယ်ပဲ ကျမတို့တို့ ဗုဒ္ဓမြတ်စွာဘုရားကို ရိုသေတယ်၊ လေးစားတယ် ဆိုလို့ရှိရင်  ပါဏာတိပါတာနဲ့ မုသာဝါဒကိုတော့ရှောင်ကျဉ်ကြပါလို့ ကျမပြောရမှာပဲ။


ဒေါ်အောင်ဆန်းစုကြည် 

သတင်းစာရှင်းလင်းပွဲ - ၁၉၈၉

Comments

  1. သူတိုကြည့်တော့ လူသတ်တာနှင့် ခိုးတာပဲလုပ်တတ်တဲ့မိစ္ဆာတွေ

    ReplyDelete
  2. အာဏာရူးတွေက ဘာသာပိန်း
    သူယုတ်မာတွေပါ

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ