မဆိုင်သလို မနေကြပါနဲ့


သေဆုံးသွားတဲ့အခါ

လူတွေဟာ ပိုချစ်ကြတယ်

ပိုသနားကြတယ် ပိုဖေးမကြတယ်


ရှင်သန်ခြင်းဟာ သေဆုံးခြင်းထက်

ပိုတန်ဖိုးမဲ့နေခဲ့သလား...

ဘာကြောင့်လဲ?


ရှင်သန်နေတဲ့ လူတစ်ယောက်ဟာ

ငိုကြွေးနေတယ် 

လူတွေဟာ မဆိုင်ကြသလိုပဲ 


ရှင်သန်နေတဲ့ လူတစ်ယောက်ဟာ

ဆာလောင်နေတယ် 

လူတွေဟာ မဆိုင်ကြသလိုပဲ 


ရှင်သန်နေတဲ့ လူတစ်ယောက်ဟာ

အကူအညီလိုအပ်နေတယ် 

လူတွေဟာမဆိုင်ကြသလိုပဲ 


လူတွေဟာ တန်ဖိုးထားခြင်းအပေါ်

ခွဲခြားနိုင်စွမ်းတွေ

လျော့နည်းသွားတတ်ကြသလား …




San Zuren 🌸

Comments

  1. ဟုတ်တယ်
    လက်ရှိအခက်အခဲတွေအများကြီးနဲ့
    ရှင်သန်နေတဲ့သူတွေ များနေတယ်
    ဘဝတွေပေးဆပ်နေပေမဲ့ပေါ့

    ReplyDelete
  2. If you want to victory,
    you will pass the difficulty.

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ