မြန်မာနဲ့ ယူကရိန်း
PVTV ဆောင်းပါး
"မြန်မာနဲ့ယူကရိန်း"
ပြည်တွင်းစစ်ပဲဖြစ်ဖြစ်၊ကျူးကျော်စစ်ပဲဖြစ်ဖြစ်၊စစ်ဖြစ်ပြီဆိုရင်ပထမဦးဆုံး သေကြေပျက်စီးကြရတာအပြစ်မဲ့ပြည်သူတွေပါ။ ပြည်တွင်းစစ်ကိုပဲဖန်တီးတီး၊ကျူးကျော်စစ်ကိုပဲဖန်တီးတီး၊အဲ့ဒီ ဖန်တီးတဲ့သူဟာလည်း စစ်ဘီလူး၊စစ်မိစ္ဆာပါပဲ။
ယနေ့ကမ္ဘာကြီးရဲ့တုန်ပြန်မှု့တွေက ပြည်တွင်းစစ်လား၊ကျူးကျော်စစ်လား စတဲ့ အမျိုးအစားသတ်မှတ်မှု့တွေအပေါ်မူတည်ပြီး တုန့်ပြန်အားစိုက်မှု့ တွေကလည်း အတိမ်အနက် ကွဲပြားခြားနားလျက်ရှိနေပေမဲ့ စစ်မိစ္ဆာ၊စစ်ဘီလူးတွေကတော့ ပြည်သူတွေကိုသတ်ဖြတ်ချေမှုန်းတဲ့နေရာမှာ အမျိုးအစား၊ အခြေအနေခွဲခြားခြင်းမရှိပဲ ပြုမူနေကြတာဖြစ်ပါတယ်။
ဒီကနေ့ ယူကရိန်းနဲ့မြန်မာပြည်တို့ရဲ့ အခြေနေတွေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယူကရိန်းဟာကျူးကျော်စစ်ဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှု့တွေရရှိတဲ့နေရာမှာ အတိုင်းအတာတစ်ခုအထိ ကျေနပ်အားရစရာကောင်းပါတယ် ၊
မြန်မာပြည်ကတော့ ပြည်တွင်းစစ်နဲ့ပြည်တွင်းနိုင်ငံရေးပြသနာ ဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှု့တွေကိုရဖို့ တော်တော်လေးကိုခက်ခက်ခဲခဲ ကြိုးစားအားထုတ်နေရပါတယ်၊ ဒါပေမဲ့ ပြည်သူတွေသေဆုံး ၊ဘဝပျက်ကြတဲ့နေရာမှာတော့ မြန်မာပြည်သူတွေဟာလည်း ယူကရိန်းပြည်သူတွေလိုပဲ ဒုက္ခကိုစံချိန်သစ်တွေနဲ့ ခံစားနေကြရတာပါ။
ဒီနေ့ကမ္ဘာ့နိုင်ငံအသီးသီးက ပူတင်နဲ့မင်းအောင်လှိုင်ကိုယှည်ကြည်တဲ့နေရာမှာ ပူတင်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကိုချိန်းခြောက်သူအဖြစ်ပိုကြောက်စရာကောင်းတယ်လို့ သတ်မှတ်နေကြပါလိမ့်မယ်၊ဟုတ်ပါတယ် ၊ဒါပေမဲ့ အခြားရှုထောင့်တစ်ခုကပြန်စဉ်းစားကြည့်မယ်ဆိုရင်ပူတင်ဟာ အခြားနိုင်ငံသားတွေကိုသတ်ဖြတ်ချေမှုန်းတာဖြစ်ပြီး မင်းအောင်လှိုင်ကတော့ ကိုယ့်နိုင်ငံသား၊ကိုယ့်လူမျိုးတွေကိုပြန်ပြီးသတ်ဖြတ်ချေမှုန်းတာဖြစ်တဲ့အတွက် ပူတင်ထက်တောင်မှရက်စက်ကြမ်းတမ်းပြီး ၊ကြောက်စရာအရမ်းကောင်းတဲ့ စစ်ဘီလူးတစ်ဦးလို့သတ်မှတ်ရမှာဖြစ်ပါတယ်၊မင်းအောင်လှိုင်လက်ထဲမှာသာ ယခု ပူတင်ကဲ့သို့ စစ်အင်အားသာရှိနေခဲ့မယ်ဆိုရင် မင်းအောင်လှိုင်ဟာလည်း ယနေ့ကမ္ဘာကြီးကို ပူတင်ထက်သာလွန်စွာချိန်းခြောက်ဒုက္ခပေးနေမှာ မြေကြီးလက်ခတ်မလွဲပါ။
ယူကရိန်းပြည်သူတွေယခုစံစားနေရတဲ့ စစ်ဘေးဒုက္ခတွေကိုမြန်မာပြည်သူများအနေနှင့်အခြားနိုင်ငံများထက်အဆပေါင်းများစွာပိုပြီးနားလည် ကိုယ်ချင်းစာမိပါတယ်၊ချေမှုန်းခံရခြင်းအတိုင်းအတာကွာခြားသော်လည်း သေဆုံးဘဝပျက်ရခြင်းတွေက လူ့အသက်၊လူ့ဘဝ ဆိုတဲ့ တန်ဖိုးအတူတူပဲ ဖြစ်နေလို့ပါ။
ဒီနေ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် ကမ္ဘာ့အဖွဲ့အစည်းကြီးအသီးသီးရဲ့ လုပ်နိုင်စွမ်းနဲ့ဩဇာလွှမ်းမိုးမှု့တွေဟာအကြီးအကျယ်ကျဆင်းနေပြီး၊ကမ္ဘာသူကမ္ဘာသားအပေါင်းရဲ့ယုံကြည်အားကိုးမှု့ဟာလဲ သိသာသာကျဆင်းနေပြီဆိုတာကို မြန်မာပြည်အရေးကိစ္စကသက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတဲ့အများဆန္ဒရဲ့အထက်မှာ ဗီတိုဆိုတဲ့အရာကြီး အုပ်မိုးခွင့်ရနေတဲ့ကမ္ဘာ့စီရင်ထုံးအောက်မှာ အတ္တအင်အားတည်ဆောက်မှုတွေတဖြည်းဖြည်းကြီးထွားလာမှာဖြစ်ပြီး ကမ္ဘာကြီးရဲ့စည်းလုံးညီညွတ်မှု့ဆိုတာဟာလည်း ဟန်ပြသက်သက်ဖြစ်လာပြီဆိုတာကို ကမ္ဘာ့အင်အားကြီးသက်ဆိုင်သူများအနေနှင့်ပြန်လည်သုံးသပ်သင့်ပါပြီ။
ဒီနေ့ကမ္ဘာကြီးဟာ ကမ္ဘာ့ရွာကြီးဖြစ်နေပြီ၊ နယ်စည်းခြားခြင်းတွေမရှိတော့ဘူးလို့ ကျယ်ကျယ်လောင်လောင်ပြောဆိုနေကြပေမဲ့၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး၊တန်းတူညီမျှရေးတွေမှာတော့မြန်မာပြည်သူတွေအတွက် စည်းရိုးအထပ်ထပ်ကာရံထားသလိုခံစားနေကြရတာပါ၊
ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊တန်းတူညီမျှရေးတွေကိုခုခံကာကွယ်နေကြတဲ့ မြန်မာပြည်သူများအပေါ်ဒီမိုကရေစီဘက်တော်သား ကမ္ဘာကြီးရဲ့ကာကွယ်စောင့်ရှောက်အားပေးမှု့တွေ တုံ့ဆိုင်းနှေးကွေးနေခြင်းဟာ ပြည်တွင်းစစ်ဘီလူးကို ကမ္ဘာ့စစ်ဘီလူးကြီးဖြစ်လာအောင်အခွင့်ရေးပေးထားခြင်းဖြစ်တယ်ဆိုတဲ့အချက်ကို လေးလေးနက်နက်သတိပေးလိုပါတယ်။
အသက်စွန့်သေဆုံးသွားကြတဲ့ ပြည်သူများကို အသက်ပြန်ရှင်အောင်မလုပ်နိုင်တော့ပေမဲ့ အသက်တွေကိုထပ်သတ်မဲ့ စစ်ဘီလူးရဲ့ အစွယ်ကို ထပ်ပြီးမရှည်လာအောင်စွမ်းဆောင်နိုင်တဲ့အင်အားကြီးသူများကို အိပ်ယာမှ နိုးထဖို့ မေတ္တာရပ်ခံလိုပါတယ်။
မြန်မာပြည်သူများနဲ့ယူကရိန်းပြည်သူများ ပြည်တွင်းစစ်ဒဏ်၊ကျူးကျော်စစ်ဒဏ်များမှအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ။
နွေဦးနွေ
#SpringRevolution
#PVTV
#PVTVArticle
Done
ReplyDeleteToghter Fighting 💪💪💪
ReplyDelete