ပျောက်သွားတဲ့ လူတစ်ယောက်

 ပျောက်သွားတဲ့ လူတယောက်


ပျောက်သွားတဲ့ လူတယောက် 

အဝတ်အစား အပို ပါမသွားဘူး 

သွားတိုက်တံ သွားတိုက်ဆေး ပါမသွားဘူး

ငွေစ ကြေးစ ပါမသွားဘူး 


ပျောက်သွားတဲ့ လူတယောက်

ဖုန်းလည်း ဆက်မရ 

စာလည်း ပို့မရ 

ဟိုနားဒီနား လိုက်ရှာလို့လည်း မရ


ခဏဆိုပြီး ထွက်သွားတဲ့ ရထား 

ဘယ်လောက် ကြာအုံးမှာလဲ 

ဘယ်လောက် ရှာရအုံးမှာလဲ 


ရုတ်တရက် ပျောက်သွားတဲ့ လူတယောက်

အမှတ်မထင် ပျောက်သွားတဲ့ လူတယောက် 

ငါတို့ မယုံနိုင်မှုတွေထဲ ပိတ်မိနေတုန်း 

ပျောက်သွားတဲ့ လူတယောက်။ 


မောင်မြတ်သူ 

၁၉၊ မတ်၊ နှစိထောင့်၂၂

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ