တော်လှန်ရေး ကဗျာ ၂

 နိုင်ငံအရေး 

ငါကြံတွေးလို့ အပူဖြာ။


ကပ်ရောဂါ ကူးတာများလျင်တော့

ငါ့ကျောမှာ စူးလာဓားသွင်ပေါ့

အလိုဗျာ

ခါးရင်ကော့ပါလို့ တစ်ပူနာ။


ပန်ဒမစ် ရန်ဖြစ်ချင်တဲ့ငါ

တို့သူငါ ကျန်းမာကောင်းအောင်

မပြတ်ဖန်ဖန် ပါးစပ်ထန်ထန်နဲ့

အစပ်မကျန် ခပ်မြန်မြန်မောင်းလိုက်မယ်

ဒင်းနေရာ ဒေသအဟောင်းကို

ချိုင်းနားပြည် ဝူဟန်အခေါင်းမှာ

အောင်းဖို့အခုသွား။


နောက်တခု

စောက်ပုနဲ့အဖွဲ့ကို

မချဲ့လို ဒဲ့တိုတိုပြောမယ်

မလွဲတဲ့မြေမှာဟယ်

ငရဲကွဲ့ပြည် ယမမင်းထံသို့

ဒင်းတို့တစ်တွေ ညီတူတူ

ဆီပူပူအိုးဒယ်အတွင်းကို

ဆင်းဟဲ့အခုသွား။


လေးချိုး။           ဒီမိုသားထူး              

                          ကောင်းမြတ်ဦး

စက်တင်ဘာ ၂၁၊ ၂၀၂၁


Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ