ထောင်ချောက်တွေလည်း မြင်ရပြီးပြီ
ထောင်ချောက်တွေ ရှိတာကို အစောကြီးကတည်းက သိနေရက်နဲ့ တည့်တည့်မှ တိုးဝင်ချင်ကြရင်လည်း သဘောပါပဲ။
သံဃာနဲ့ ပြည်သူကိုလည်း ခွဲပြီးပြီ
သံဃာ အချင်းချင်းလည်း ခွဲပြီးပြီ
ခရစ်ယာန်အချင်းချင်းကိုလည်း ခွဲပြီးပြီ
မူစလင် အချင်းချင်းကိုလည်း ခွဲပြီးပြီ
ဘာသာပေါင်းစုံကြားလဲ ခွဲပြီးပြီ
တိုင်းရင်းသားပေါင်းစုံကြားလဲ ခွဲပြီးပြီ
နိုင်ငံရေးသမားပေါင်းစုံကြားလဲခွဲပြီးပြီ
ပြည်သူအချင်းချင်းကြားလဲ ခွဲပြီးပြီ
ဒီတစ်ခါ သူတို့ခွဲဖို့ကျန်တာ NLD ပဲ ရှိတော့တယ်။ ဒေါ်စုနဲ့ NLD ဟာ ပြည်သူ နဲ့ နိုင်ငံကို အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်ကို အတည်ငြိမ်ဆုံး၊ လက်တွေ့အကျဆုံး နည်းလမ်းနဲ့ ဆွဲတင်နေတယ်ဆိုတာ သူတို့ ကောင်းကောင်း နားလည်တယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေး အောင်မြင်သွားတာနဲ့ တစ်ပြိုင်နက် မသင့်မြတ်ချင်သူတွေဟာ ဘယ်သူတွေတုန်းဆိုတာကို ကျည်တစ်ချက်ဖောက် ဖို့မလိုဘဲ နိုင်ငံရေးနည်းနဲ့ပဲ ဘွင်းဘွင်းကြီး ပေါ်လာမှာ။ ဒါကို ကြိုသိလေတော့ ခွေးဇာတ်ခင်းခဲ့တာပဲ။
အခုလည်း ဒီ စစ်မိစ္ဆာတွေဟာ NLD ကို ခွဲဖို့ သေချာ အစီအစဉ်ချပြီး လုပ်နေတယ်။ ဒါကိုမှ တည့်တည့်ကြီး တိုးဝင်ကြရင်လည်း သူတို့တော်လို့ဆိုတာထက် ကိုယ်ညံ့လို့ပဲ ဖြစ်လိမ့်မယ်။
ကြုံတုန်းပြောရရင် - တစ်ထွာတစ်မိုက် CSO တွေရဲ့ အမနာပ လေသံဖြစ်တဲ့ "အောင်ဆန်းစုကြည် စောက်သုံးမကျခဲ့ဘူးတို့၊ NLD အစိုးရက စစ်တပ်နဲ့ ပေါင်းသွားပြီ" တို့ဆိုတဲ့ တစ်ပိုင်းကြောင် narrative တွေဟာ အဆံချောင်တွေ ဖြစ်သလို၊ ဘာတစ်ခုမှလည်း အထောက်အထားရှိမနေဘူး။ groundless စွပ်စွဲချက်တွေ သပ်သပ်မျှသာပဲ။ ပိုဆိုးတာက "အောင်ဆန်းစုကြည် ငါတို့လောက်မတတ်ပါဘူး" ဆိုတဲ့ ဆရာကြီး/ဆရာမကြီးတွေ နေရာမရလို့ အသံသေး အသံကြောင်နဲ့ အော်ကြရင်း အဲဒီ အဝန်းအဝိုင်းထဲမှာပဲ တစ်မိုးလုံး ဖျောက်ဆိတ်ဖြစ်လာတဲ့ သဘောပဲ။ ဒါတွေကြားမှာ ယောင်လည်လည်နဲ့ "ဟုတ်နိုးနိုး" တွေ ဖြစ်သွားရင် အလွန် အန္တရာယ်များပါတယ်။
တစ်ကယ်တော့ အဲဒီ CSO တွေ၊ A,B,C,D,E,F,G အဖွဲ့ပေါင်းစုံကို စစ်တပ်ဟာ ဘယ်တုန်းကမှ သူတို့ စားပွဲပေါ် တင်ရလောက်တဲ့ အဆင့်တွေလို့ မသတ်မှတ်ခဲ့ပါ။
ပါဝါဟာ ဘယ်သူ့ဆီမှာ ရှိလဲဆိုတာ နားလည်တဲ့ စစ်တပ်ဟာ NLD ကိုသာ ဦးတည်ပြီး ဖြိုတဲ့ ပွဲဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဖြိုတဲ့ ပွဲဖြစ်ပါတယ်။ ပြည်တွင်းမှာ အကြီးမားဆုံး ခြေကုပ်ယူထားနိုင်၊ အစိုးရလက်တံတွေထဲမှာအထိ နေရာယူထားနိုင်တဲ့ NLD ကို once and for all ရှင်းဖို့ လုပ်တဲ့ ပွဲဖြစ်ပါတယ်။
၂၀၂၁ အာဏာသိမ်းမှုရဲ့ အဓိက target ဟာ NLD နဲ့ ဒေါ်စုဖြစ်ပါတယ်။ EAO တွေကိုတောင် တိုက်ရိုက် ပြဿနာမရှာခဲ့ပါ။
NLD နဲ့ ဒေါ်စုကို အားနည်းသွားစေခြင်းသည်ပင်လျှင် စစ်တပ်ရဲ့ ၂၀၂၁ ပရောဂျက် အောင်မြင်ဖို့ အချိုးကျခြင်း ဖြစ်ပါတယ်။
NLD, ၂၀၂၀ ရွေးကောက်ပွဲရလဒ် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်တပ်ကသာလျှင်မဟုတ်ဘဲ အခြား actor များကပါ အားနည်းအောင် လုပ်နေခြင်းသည် ယောက်ဖ ကြက်ဥတိုက်တာထက် မပိုတဲ့၊ အမျှော်အမြင်နည်းလွန်းမက နည်းလွန်းတဲ့ မိုက်မဲရူးနှမ်းမှုတွေသာ ဖြစ်ပါကြောင်း။
စစ်မော်
✔✔✔
ReplyDeleteNever surrender, never forgive.
ReplyDelete,💯
ReplyDelete