ခဲတံချွန်ပြီးပြီ - ဆရာမင်းကိုနိုင်

 ခဲတံချွန်ပြီးပြီ 

ကျောင်းသင်ခန်းပုံ ဆွဲချင်ဆွဲ 

ဝစ်လစ်ဝလစ်ပုံ ဆွဲချင်ဆွဲ

သဘောပဲလေ...


ဒီမြေမှာ 

ဓါး၊ လှံတွေ ကြဲချင်ကြဲ 

ချိုးငှက်တွေ ဝဲလိုဝဲ 

သဘောပဲလေ...


စိတ်ချကလေးရေ 

စစ်တိုက်ခန်းတွေ မကြိုက်လို့ 

ထိုးကြိတ်ခန်းတွေ မကြည့်လို့ 

သူရဲဘောကြောင်တယ် မစွပ်စွဲဘူး 


ဒါပေမယ့် ကလေးရေ

ကိုယ်ဆွဲရာ ကိုယ်ကားချက် 

ကိုယ့်လက်မှတ်တော့ ထိုးရမယ် 


( မင်းကိုနိုင် )

Comments

  1. ကိုယ့်သမိုင်းကိုယ်ကိုတိုင်ရေးရမယ်

    ReplyDelete
  2. ကိုယ်ဆွဲရာ ကိုယ်ကားချပ်

    ကိုယ့်လက်မှတ်တော့ ထိုးရမယ် ...

    (Btw, 'ဝစ်လစ်စလစ်' 'ကိုယ့်ကားချပ်' ပြင်ပေးပါဦး, ဆရာလုပ်တာမဟုတ်ပါဘူးကဗျာမှာ သတ်ပုံမှားတာတွေ့‌‌ရင်မနေတတ်လို့ပါ) 😂
    Fighting 💪

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ