မအလ ရဲ့ ခံစားချက် ၁
မှားမှန်းသိလျှက်နဲ့ ကျူးလွန်မိရင် နောက်ဆက်တွဲမကောင်းကျိုးနှစ်ခု ခံစားရပါလိမ့်မယ်။
ပထမတစ်ခုကတော့ ကျနော်တို့တွေ အပြစ်ရှိသလိုခံစားရပါလိမ့်မယ်။ လူတိုင်းလူတိုင်းကတော့ မှန်တာကိုပဲ တွေးချင် ၊ မှန်တာကိုပဲလုပ်ချင် ပြောချင်၊
မှန်တဲ့အတိုင်းပဲ ဖြစ်ချင်တဲ့စိတ်ရှိကြတာပါပဲ။
ဒါပေမဲ့ အဲ့ဒီစိတ်နဲ့ဆန့်ကျင်ပြီး မဟုတ်တာတစ်ခုခုလုပ်မိပြီဆိုတာနဲ့ မိမိကိုယ်ကိုယုံကြည်နေတဲ့စိတိကို ဝါးမျိုဖျက်စီးပစ်ခံလိုက်ရပါတယ်။
ဒါကြောင့် ဘလို ကိစ္စမျိုးပဲဖြစ်ပါစေ ကိုယ့်ကိုကိုယ်ယုံကြည်စိတ်ပြိုယွင်းသွားနိုင်လောက်တဲ့အမှုကို ကျူးလွန်ပြီးမှရနိုင်မယ့် ဘာကိုမှမလုပ်မိကြဖို့ပါ။
ဒုတိယတစ်ခုက. တခြားလူတွေက အနှေးနဲ့အမြန်ဆိုသလို ကိုယ်ကျူးလွန်ထားတာသိပြီး ကိုယ့်အပေါ်
မယုံမကြည်ဖြစ်သွားပါလိမ့်မယ် ။
ကျနော်ခေါင်းထဲစွဲနေတဲ့အချက်တစ်ချက်က ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာအရမ်းခက်ခဲတဲ့အလုပ် ။ ဒါပေမဲ့ ယုံကြည်မှုကိုဖျက်လိုက်ဖို့ဆိုတာက မျက်စိတစ်မှိတ်အတွင်းလည်း ဖြစ်သွားနိုင်တာမို့ ကျနော်ကတော့ တန်ဖိုးထားတယ်။
ဒါကြောင့်မှန်တာကိုလုပ်ပြီး ကိုယ့်ကို ကိုယ်ယုံကြည်စိတ်တည်ဆောက်လိုက်ပါ။
#TINZARWINPYAE
#Knowledgeforyou
မှားတဲ့ဘက်မှာ ရပ်တည်ရင်း
ReplyDeleteအမှားတွေကိုပြုလုပ်ရင်း
အမှားတွေကို ပြောဆိုရင်း
ကြာလာရင် အမှန်တရားတွေ
ပျောက်ကွယ်သွားမှာ စိုးရိမ်မိတာတော့
အမှန်ပဲ��
Thanks
ReplyDeleteDone
ReplyDelete👍👍👍
ReplyDelete