တော်လှန်ရေးကဗျာ ၃

 အမောက်ညီညီ

ဒေါင်းအနီ 

ဘဝမယ် အမှောင်ချခံရတာတွေ 

ဒီထပ်ပိုပြီးအလိုမရှိပေ ။ 


ပုံအပ်လိုက်တာ ၆၀ သက်တမ်းနောက်မှာမို့ 

ကာယကံရှင်ကတော့ ဝဋ်ကြွေးလိုသယ်ပိုးပြီး 

တာဝန်တွေကျေပြနေတယ် ။ 

ခံပြင်းတယ်ဗျလို့​ပြောတော့ 

အေးအေးချမ်းချမ်းဖြေရှင်းစေချင်တာသူ့ဆန္ဒပါတဲ့ ။  


ခံစားရတာမသိပေမယ့် 

မတရားကျတာတော့သိနေတယ် ။

အဖွားကတော့ခဏခဏပြောပြတယ် 

ကလေးတွေတောင် အဲ့ဒီခေတ်တုန်းက 

လမ်းမကြီးပေါ်ပက်လက်ကလေးရယ် တဲ့ ။ 


ဖြစ်နိုင်ရင်တော့​​ဗျာ 

ထာဝရအေးချမ်းဖို့

မိုးခါးရေဆိုလဲမြိုချပစ်လိုက်မှာပါဘဲ ။ 

အာဏာရှင်စနစ်ဆိုတာဟာ

တစ်သက်လုံးတော်လှန်သွားမယ့် ဖြစ်အင်မဟုတ်လား ။


Ciel(ဆိုင်ရယ်လ်)

Rêveuse

Comments

  1. မိုးခါးရေဆိုလဲ မြိုချပစ်လိုက်မှာပဲ
    💪💪💪

    ReplyDelete
  2. မထူးတော့ပြီမို့
    ရုန်းလိုက်ကြပါစို့

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ