တော်လှန်ရေး ဂမ္ဘီရ
🙏 နွေဦးတော်လှန်ရေး စကတည်းက အစီအရင်တွေ အများကြီးလုပ်ခဲ့တယ်၊
မထိရောက်ခဲ့ဘူး။
🙏 မနေ့ညကတော့ ထူးခြားစွာ အလင်းကို ရရှိခဲ့
ဒီ အစီအရင်ဟာ ...
၁။ လူအများကြီးရဲ့ စိတ်စွမ်းအားကို ယူထားတာဖြစ်ပါတယ်။
၂။ သစ္စာဆိုခြင်းရဲ့ စွမ်းအင်ကို ယူထားပါတယ်။
၃။ ဆုတောင်းခြင်းရဲ့ စွမ်းအား
၄။ ယုံကြည်စိတ်ရဲ့ စွမ်းအား တို့အပြင်
၅။ Manifestation နည်းလမ်းအတိုင်း အသုံးပြုထားတာ ဖြစ်ပါတယ်။
ဘာလုပ်ရမှာလဲ❓
အချိန်နာရီ အတိအကျမှာ ကျနော်တို့ တူညီတဲ့
သစ္စာပြုဆုတောင်းခြင်းကို ပြုလုပ်ရမှာပါ။
ဟုတ်ကဲ့၊ 'ဆုတောင်းခြင်း ကမ်းပိန်း' ဖြစ်ပါတယ်။
ကျနော်က ကမ်းပိန်းမှာ ပါဝင်သူများ
'ဘေးကင်းရေးသည် အဓိက' လို့ ခံယူလို့ထားတာမို့
ဒီကမ်းပိန်းကိုလည်း ရွေးချယ်ခြင်း ဖြစ်ပါတယ်။
🙏 အချိန်နာရီအတိအကျမှာ လူတွေအများကြီးက
တူညီတဲ့ စိတ်ဆန္ဒဇောအဟုန်ကို
အပြုသဘောဆန်စွာ ညီညီညာညာ လွှင့်ထုတ်ကြမယ်ဆိုရင်
ဒါဟာ ကြီးမားလှသော ပေါင်းစည်းထားတဲ့ စိတ်အင်အားကို ရရှိနိုင်ပါတယ်။
ပြီးတော့ ဘာသာရေးယုံကြည်မှုအလိုက် ...
သစ္စာပြုခြင်းနဲ့ ဆုတောင်းခြင်းကိုလည်း ထည့်သွင်းတည်ဆောက်ထားတယ်။
Manifestation ကတော့ ...
55×5 manifestation method ရယ်
Pillow method ရယ် ပေါင်းစပ် လုပ်ဆောင်ပါမယ်။
လုပ်ရမယ့် ကမ်းပိန်းက ၄၅ရက်ရှိမယ်။
ဒီ ၄၅ရက်ကိုမှ ၉ဆင့် ခွဲထားတယ်။
တဆင့်ထက်တဆင့် မြင့်သွားမယ်။
တချို့အဆင့်တွေက ကမ်းပိန်း ဆန်တယ်။
Silence Strike (အသံတိတ်သပိတ်) လို
သံပုံတွေအတူတီးကြတဲ့ ကမ်းပိန်းလိုမျိုးဆန်ဆန်တွေလည်း ပါမယ်။
သို့သော် ဘေးကင်းဖို့ နည်းလမ်းကို ရွေးချယ်ထားတယ်။
[နေ့တိုင်းလုပ်ရမယ်ဆိုတော့ လူတွေအချိန်အားပါ့မလားလို့လဲ
ကျနော်တွက်ဆပေးပါတယ်။ အချိန်လုံး၀ မအားသူဆိုတောင်
ခဏလေးပဲ အချိန်ပေးလို့ရအောင်လည်း နည်းလမ်းရှာပေးထားပါတယ်]
🙏 ဒီကမ်းပိန်းမှာ ပါဝင်ရင်းက တခြားလုပ်လက်စ
တော်လှန်ရေးကိစ္စတွေကိုလည်း ဆက်လက်လုပ်ဆောင်ပါ။
တောထဲကလုပ်တဲ့တော်လှန်ရေးသမားဖြစ်စေ
မြို့ပေါ်ကတော်လှန်ရေးသမားဖြစ်စေ
မိမိလုပ်လက်စကို မလျှော့ပါနဲ့။
ကျနော်တို့လည်း တခြားသော ကြိုးစားအားထုတ်မှုတွေကို
ဆက်လက်လုပ်နေကြပါတယ်။ ဒါပေမဲ့ ပိုလွယ်ကူသော ဒီကမ်းပိန်းကိုလဲ
ပါဝင်ပေးကြပါလို့ ...
မနက်ဖန်း
မနက်ဖန် မနက် ၄နာရီကတည်းက တင်ပေးထားပါမယ်။
အစီအရင်နဲ့ပတ်သက်သမျှကို တနင်္လာနေ့မှာ စတင်ချင်လို့ ဖြစ်ပါတယ်။
မနက်ဖန် ၉နာရီမတိုင်ခင် နာရီဝက်အလိုလောက်မှာတော့ နောက်ဆုံးထားလာဖတ်ပေးကြပါနော်]
အိုကေပါ✌️
ReplyDeleteDone for 🤍
ReplyDeleteFight together with our click 🍀🍀🍀
ReplyDelete