မြစန်းကြည်သို့ ပေးစာ

မြစန်းကြည်ရေ...

မင်းကြိုက်တာကအစ

မင်းမကြိုက်တာ အဆုံး

မမေ့နိုင်လည်း

မေ့နိုင်အောင်ကြိုးစားနေမယ်


အားလုံးကြေကွဲနေတဲ့အချိန်မှာ

တယောက် မျက်နှာ 

တယောက်ကြည့်ပြီး

ကြည်းနူးမှုဟာလည်း

နိုင်ငံတော်အပေါ် 

သစ္စာဖောက်ရာကျတယ် 

ခေတ်အနွမ်းကြီးထဲမှာ

အချစ်ပန်းကစ မိုးခေါင်ရေရှားရဲ့ 


မြစန်းကြည်

ငါ့အသံအစား ပြည်သူတွေရဲ့ 

နှလုံးသားထဲကအသံကို နားထောင်ပါ


ငါ့အပေါ် မှာ နုညံ့မှုအစား

ပြည်သူတွေရဲ့ဒုက္ခကို စာနာပါ

ငါ့အပေါ် ပျော့ပျောင်းခဲ့သမျှ 

အာဏာရှင်ကို တွန်းလှန်ပါ


မြစန်းကြည်

တော်လှန်ရေး မပြီးမဆုံးသေးသမျှ

မင်းနဲ့ ငါ

မခေါ်မပြောကြေး

ဘယ်လောက်ပဲဆွေးဆွေး

ခဏတော့ဝေးနေကြရဉီးမှာပဲ


ရင်ဘတ်က အလံကို

မလိုအပ်တဲ့အချိန်မှာ ထုတ်ပြရင် 

ကျဆုံးသလို

လိုအပ်တဲ့အချိန်မှာ 

ထုတ်မပြရင်လည်း 

ကျဆုံးခြင်းပါပဲ မမြစန်းကြည်

ဒါကြောင့် ငါ့ဘာသာပုန်ကန်သလို

မင်းလည်းမင်းဘာသာ

တော်လှန်ပါ မမြစန်းကြည်။  ။


ကျော့ဝေအောင်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ