“တစ်ပါးလူရဲ့ မကောင်းတဲ့စိတ်အညစ်အကြေးက သင့်ကို လာအနှောင့်ယှက်ဖြစ်တာမျိုး မခံပါနဲ့”
ကျွန်တော်အနေနဲ့ ခံယူထားတာတော့ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် လုံလောက်တဲ့ကာကွယ်မှုတစ်ခုရှိရမယ်ဆိုတာပဲ လောကကြီးဟာ အရာအားလုံးပျံ့ကျဲနေတဲ့အလျှောက် မကောင်းတာတွေကိုယ့်ဆီကိုဘယ်လိုပဲဖြစ်ဖြစ် လွင့်စင်လာနိုင်တာပဲလေ။
ဥပမာ ဒီနေ့လို social mediaခေတ်မှာဆို ကိုယ်ကဘယ်လောက်ပဲ ကောင်းအောင်နေနေ - မကောင်းပြောခံရတာ(ကဲ့ရဲ့တာထက်ပိုတဲ့မကောင်းခြင်းမျိုးပေါ့)
Ngr loe ma (sexual harassment ဆန်ဆန်စကားတွေပြောခံရတာမျိုးလည်းရှိကြတာပါပဲ။)
ပြင်ပလောကမှာဆိုလည်း တချို့သောအခြေအနေတွေမှာ ဒီလိုမိုက်ရိုင်းစွာ ဆဲရေးတိုင်းထွာခံရတာမျိုး
ဖြစ်ဖူးကြမှာပါ။ဒါဟာတစ်ဖက်လူက သူ့ရဲ့စိတ်ဓါတ်အဆင့်အရ သူ့အလုပ်သူလုပ်နေတာပါ။
အဲ့လိုပြောခံရရင် ကျွန်တော်ကတော့
1%လေးတောင် စိတ်အနှောင့်ယှက်မဖြစ်ပါဘူး။
အဲ့အစားကျွန်တော့်ခေါင်းကအလုပ်လုပ်လိုက်ပုံက
“ဒီလူ ပညာမဲ့လိုက်တာ၊အဆင့်အတန်းမရှိဘူးပဲ၊သနားစရာပါလား”ဆိုတာမျိုး မှတ်ချက်ချလိုက်တာပါပဲ။ အဲ့အခါအဲ့လိုcmtမျိုးကို ဖျက်လိုက်မယ်။ဒီတိုင်းကိုယ့်ဘာသာပြောစရာရှိတာ၊လုပ်စရာရှိတာဆက်လုပ်မယ် ဒါပါပဲ။ပြင်ပမှာဆိုလည်း အဲ့လူနဲ့ဆက်စကားပြောမရ၊မလိုတော့ဘူး။သူ့ဆီကအပုတ်တွေပဲထွက်မှာလေ
ဒါဟာ သူ့ရဲ့အညစ်အကြေးပါ၊သူ့ရဲ့ပညာမဲ့မှုပါ
ဒါကြောင့်တစ်ခါ တလေ ကျွန်တော်တို့ပုံတွေတင်တဲ့အခါဖြစ်စေ၊တစ်ခုခု တင်တဲ့အခါ အပြင်မှာဆိုလည်း အခြေအနေတစ်ခုခုနဲ့ဆို ဒီလိုမျိုး အောက်လုံးဆန်တဲ့ စကားလုံးတွေနဲ့ပြောခံရရင် မိန်းကလေးတွေက အရမ်းရှက်တာမျိုး၊အရမ်းကြောက်တာမျိုးဖြစ်တတ်ကြပါတယ်။
မဖြစ်ပါနဲ့ အဲ့ဒါသင့်ဘက်ကို ဖိတ်စင်စရာမလိုပါဘူး
သူ့ရဲ့ အဆင့်အတန်းတစ်ခုသာသာကို သူကိုယ်တိုင် ချနေပြခြင်းမျိုးပါ။
လမ်းမှာ ရွှတ်ရွှတ်စခဲ့ရတာမျိုးဆိုလည်းထိုနည်းပါပဲ။
လှမ်းစလို့ ရှက်စရာ၊ကြောက်စရာ မလိုပါဘူး။
တစ်ဖက်ကလူက သူ့ရဲ့စိတ်ဓါတ်အဆင့်အတန်းအရ
သူ့ဘာသာ သူ့သဘောဆောင်နေတာပါ
ကျွန်တော်တို့ရဲ့ကောင်းမွန်သောစိတ်စွမ်းအင်တို့ကို
မထိုက်တန်တဲ့အရာတွေအတွက်ညစ်ညူးမခံပါနဲ့
Nayvel
အမြဲမှတ်ထားပါ
ReplyDeleteချီးမွမ်း ၇ ရက်
ကဲ့ရဲ့ ၇ ရက်
အရာအားလုံးဟာ
ရေပွက်ပမာ။
အမှိုက်တွေခေါင်းထဲထည့်မထားပါနဲ့
ReplyDelete🖤
ReplyDelete