တော်လှန်သူ

ကိုယ်ဟာ...

နန်းမဆန်သလို

ပန်းလည်း မပန်တတ်ပါဘူး 

အကန်းမဟုတ်ခဲ့လေတော့

အပွေးမြင် အပင်လည်း သိပါရဲ့

အတွေးအမြင်ကလည်း ခပ်ရှင်းရှင်းပါပဲ

ရှင်းလွန်းတော့လဲ ပြတ်သပေါ့ ချစ်သူ...

   

ဒီချိန်ခါ ကိုယ်ဟာ...

လူတန်းစားအသိနဲ့ ဝါဒကို ယုံကြည်သူ

အမှန်တရားကို မြတ်နိုးသူ

ဖိနှိပ်ခံတွေဖက်က ရပ်တည်သူ

ဓမ္မ ကိုလိုလားသူပါ... ချစ်သူ

 

ကိုယ့်ကို  တန်ဖိုးထားပါ

ကိုယ်ဟာ သူတကာထက် ပိုချစ်တတ်သူပါ

ကိုယ့်ကို  ဂုဏ်ယူပါ

ကိုယ်ဟာ သူတကာထက် တာဝန်ကျေသူပါ

ကိုယ့်ကို  သစ္စာရှိပါ

ကိုယ်ဟာ သူတကာထက် စွဲမြဲတတ်သူပါ... ချစ်သူ


ကိုယ့်အတွက် ဘဝမှာ

အလိုအပ်ဆုံးအရာဟာလည်း

နွေးထွေးစွာ ဆီးကြိုပွေ့မယ့်

မင်းတစ်ယောက်တည်းပါ... ချစ်သူ 



San Zuren 🌸

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ