ပြည်သူ့သူရဲကောင်းများ သို့



အရာအားလုံး စွန့်ပေးထားတဲ့

သူရဲကောင်းတွေ အားလုံး


ဘေးကင်းစွာနဲ့ မိသားစုတွေဆီ

ပြန်ခွင့်ရစေဖို့ ဆုတောင်းပါတယ်


မိသားစုကိုခွဲနိုင်သူဟာ ဘယ်သူရှိလို့လဲ


သူတို့က အရာရာကို စွန့်ထားတာ


တစ်ကိုယ်စာအတွက် မဟုတ်ပဲ

တစ်နိုင်ငံလုံးရဲ့ အနာဂတ်အတွက်

သူတို့ရဲ့ မိသားစု အသက် အရာရာကို

စတေးပေးထားတာ


ဘယ်တော့မှ မမေ့ပါဘူး

ရတဲ့နေရာကနေ အမြဲပါဝင်နေပါတယ်


တစ်နေ့တော့ တို့အားလုံးပန်းတိုင်

ရောက်ကိုရောက်မှာပါ

ပန်းတိုင်ရောက်တဲ့အထိ အကုန်လုံးကို

ဘေးကင်းစွာရှိစေချင်တယ်

ဘေးကင်းကြပါစေ

အောင်မြင်ပါစေ

မေတ္တာတွေခြုံလို့ လုံခြုံကြပါစေ



San Zuren 🌸

Comments

  1. မေတ္တာတွေခြုံလို့ လုံခြုံကြပါစေ

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ