ပြည်သူတိုင်းသည် တော်လှန်ရေးသမားဖြစ်ရမည်
လာကြပါလေ
လူပင်လယ် ပန်းခင်းကြီး
အမှောင်ကမ္ဘာက ဖွင့်ထွက်
ခပ်ရဲရဲ ပွင့်ကြရအောင်
ဒီမိုကရေစီ ဝေါဟာရ
ပွင့်သစ်ဖို့ စွန့်လွှတ်ကြပါစို့
ငါတို့ခေါင်းက ထွက်တဲ့သွေး
အနာဂတ်ပန်းတွေ လန်းစေရေး
ဆွတ်ဖြန်းပေးမယ်
ငါတို့ ခန္ဓာရဲ့မြေဆွေး
တန်းတူအရေးအတွက်
ပေါင်းသင်ပေးမယ်
အဖျက်သမား
ဖက်ဆစ် မိစ္ဆာတပ်အား
ဟောဒီ ကမ္ဘာမြေပေါ်မှာ
အရှင်မထား
တူတန်ရာ အဝီစိငရဲ
တို့အားနဲ့ ပို့ကြရအောင်
ကျဆုံးရဲဘော် ပြည်သူတွေကို
တိုင်တည်လို့
ဖက်ဆစ် ကြေးစားတပ်ကို
အဆုံးထိ သေတပန်ဆုံး
တိုက်ထုတ်ကြပါစို့
San Zuren 🌸
Together 💪💪💪
ReplyDelete
ReplyDeleteကြက်ဥတစ်လုံးက
အပြင်ဖိအားနှင့် ကွဲထွက်ရရင်
ဘဝဟာ အဆုံးသတ်သွားတယ် ...၊
တကယ်လို့
အတွင်းဘက်က ကန်အားနှင့် ကွဲထွက်ရရင်တော့
ဘဝ စတယ် ...၊
ကြီးမားတဲ့ကိစ္စရပ်တိုင်းဟာ
အတွင်းက စတင်ပါတယ် ...၊
ဆက်ရုန်းလိုက်ကြစို့ .....။
✍️မင်းကိုနိုင်