"ကလစ်ခြင်း အနုပညာ"

" မသိသူကျော်သွား သိသူဖော်စား" တဲ့ ။ ယခု သိတဲ့သူတွေကတော့ ဖော်စားနေကြပြီနော် ။

အဲဒါ ဘာလဲဆိုတော့ ဒီတော်လှန်ရေးမှာ အထိရောက်ဆုံးနဲ့ လုံခြုံဘေးကင်းစွာ တစ်ထောင့်တစ်နေရာမှ ပါဝင်ခွင့် ရမှာဖြစ်တဲ့ ကလစ် (Click) ခြင်းပါပဲ ။

Click ခြင်းအားဖြင့် ဘာတွေအကျိုးသက်ရောက်မှုရှိသလဲဆိုတာ အားလုံးလဲ သိရှိပြီးဖြစ်လို့ ထွေထွေထူးထူးတွေတော့ ထပ်မပြောတော့ပါဘူး ။

အရေးတော်ပုံကြီး မြန်မြန်အောင်ချင်လျှင် များများပါဝင်ပြီး ကလစ် (Click) ကြပါလို့ပဲ ပြောလိုက်ပါရစေ ။ 


လက်ရှိ Clicker စုစုပေါင်းမှာ သောင်းဂဏန်းမျှသာ ရှိသေးသော်လဲ ကျနော်များထောက်ခံသော အစိုးရအတွက် လစဉ် သိန်းပေါင်း ထောင်နှင့်ချီ၍ ရန်ပုံငွေများ ရှာဖွေပေးနိုင်နေပြီ ဖြစ်ပါသည် ။ 

နိုင်ငံ့လူဦးရေနှင့် နှိုင်းယှဥ်လျှင် ကလစ်သူ (Clicker) ပမာဏမှာ  အလွန် နည်းနေသေးပါသည် ။ ဒီ့ထက် Clicker ဦးရေ ပိုများလာမယ် ၊ သိန်းနဲ့သန်းနဲ့ ချီလာမယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ ။

တော်လှန်ရေးတစ်ခု အောင်မြင်ဖို့ ဆိုတာလဲ ဘက်ဂျက် အနည်း ၊အများအပေါ် မှာ အများကြီးမူတည် နေပြန်တယ်လေ ။  


မ အ လ ကို လျှင်မြန်စွာ ဖြုတ်ချချင်တယ်ဆိုရင်တော့ သိပ်အခက်ကြီး မဟုတ်ပါဘူး ။ အိမ်မှာ လုံခြုံစွာ ထိုင်နေရင်းနဲ့ပဲ လက်ညိုးလေးနဲ့ပွတ်လိုက် ၊ လက်မလေးနဲ့ ပွတ်လိုက် လုပ်နေရုံပါပဲ ။ ရှေ့မှာ တန်ဖိုးရှိတဲ့ အသက်တွေနဲ့တောင်ရင်းပြီး  ထွက်တိုက်နေကြတာပဲလေ ။ 


တချို့ Click ချင်သော်လည်း မည်သို့မည်ပုံ စတင် ဆောင်ရွက်ရမည်ကို မသိသေးသူများ အနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် ကလစ်နိုင်ရေးအတွက် ကျနော်များ လက်လှမ်းမှီသလောက် အောက်ပါ Link များနှင့်တကွ စုစည်း တင်ဆက်ပေးလိုက်ပါတယ် ။ အားလုံး အချိန်အနည်းငယ် ပေး၍ လေ့လာပေးကြပါ ခင်ဗျ ။ ✊✊✊



🦅EN🦅

Comments

  1. Click ကူမည့်လက်များ.....

    ReplyDelete
  2. I have been a gamer previously but I abandoned most of the games after the art of clicking was emerged. I have to abandon playing games for our country. Now, no time to play games. I spend most of the time at least 14 hours by clicking.

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ