ကိုယ့်စိတ်စွမ်းအားကို ပြန်ယူခြင်း
ရေရှည်တွေးခေါ်ဉာဏ်မဲ့တဲ့ အာဏာမက်
လူတစ်စုက မြန်မာနိုင်ငံသားတွေကို နိုင်ငံရေး/ စီးပွားရေး အပြင်းအထန် ထိုးနှက်နေတာ
လပေါင်းများစွာ ကြာညောင်းနေပြီ
တချို့ဟာ အနာဂတ် မရေရာဘဲ
လမ်းပျောက်သလို ခံစားနေရတယ်
ဖိနှိပ်သူတွေကြောင့် စိတ်ဖိစီးမှုဒဏ်ကို
ခံနေကြရပြီ ... ဒါတွေကို ကျမတို့
မကျော်လွှားနိုင်တော့ဘူးလား...?
**ကျော်လွှားနိုင်ပါတယ်**
၁။ လက်ရှိ ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ပါ
၂။ အခက်အခဲတွေကို လက်ခံပြီး ရင်ဆိုင်ပါ , ရှောင်မပြေးပါနဲ့
၃။ အကြောက်တရားအောက် ပြားပြားမှောက် အညံ့မခံပါနဲ့
၄။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ပါ
၅။ အပြုသဘော တုံ့ပြန်နိုင်အောင် ကြိုးစားပါ
၆။ အာရုံမလွင့်အောင် သတိကပ်ပါ
၇။ ကိုယ်တစ်ယောက်ထဲ ကြုံနေရတာ မဟုတ်ဘူးဆိုတာ သိပါ
၈။ စိတ်ကို လေ့ကျင့်ပါ
၉။ အဖြေရှာပါ
ကိုယ့်စိတ်စွမ်းအားကို ကိုယ်တိုင်
ပြန်လည်ရယူနိုင်ကြပါစေ....
San Zuren 🌸
💪💪💪
ReplyDeleteDone💪💪💪
ReplyDelete
ReplyDeleteကြက်ဥတစ်လုံးက
အပြင်ဖိအားနှင့် ကွဲထွက်ရရင်
ဘဝဟာ အဆုံးသတ်သွားတယ် ...၊
တကယ်လို့
အတွင်းဘက်က ကန်အားနှင့် ကွဲထွက်ရရင်တော့
ဘဝ စတယ် ...၊
ကြီးမားတဲ့ကိစ္စရပ်တိုင်းဟာ
အတွင်းက စတင်ပါတယ် ...၊
ဆက်ရုန်းလိုက်ကြစို့ .....။
✍️မင်းကိုနိုင်