သေမင်းရဲ့လက်နှစ်ချောင်း


တစ်ချောင်းက တိုပြတ်ပြတ်လေး

တစ်ချောင်းကတော့ ခပ်ရှည်ရှည်

အရပ်ရှစ်မျက်နှာလုံးကို လှည့်ပတ်

လက်ညိုးငေါက်ငေါက်ထိုး

မမျှမတအရေးယူတယ်


အဆောက်အဦးတွေတောင်

သူလက်ညိုးထိုးရင် ပြိုပျက်စီးလာ

ပန်းတွေလည်းပဲ.....

​ဟော....သူလက်ညိုးထိုးပြန်တယ်

ကြွေပြန်လေပေါ့ ပန်းနောက်တစ်ပွင့်

တစ်လောကလုံးလည်း သူ့လက်ညိုးနဲ့ 

ထိုးမိမှာကြောက်နေရင်း

တစ်နေ့ကျ အရေးယူခံရ

၃၁ဘုံသားတို့ဘဝ


-Tommy

Comments

  1. နှစ်တွေဟာ
    သင်ခန်းစာနှစ်ခုကိုပဲ
    သင်ကြားပေးခဲ့ပါတယ်။
    အစဥ်တည်မြဲတဲ့သူမရှိဘူး ဆိုတာရယ်
    ဆက်လက်ရွေ့လျားရမယ် ဆိုတာရယ်။

    _မိုဃ်းဇော်

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ