ကဗျာ ကဏ္ဍ
ပန်းကလေးရဲ့ ပွင့်လာမှုအတွက်
မြေကြီးဟာ ဘယ်တော့မှ မငြူစူဖူးဘူး
အခွင့်အရေးတွေ ယူတတ်ကြတဲ့ကမ္ဘာမှာ
ဘာကိုမှမပိုင်ရလို့ စိတ်အားလည်း မငယ်နဲ့
သိပ်လင်းလို့မရတဲ့ ဂြိုဟ်အသိမ်အမွှားလေးကိုတွေး
Forrest gump ထဲက Tom Hank ကြီးကို ပြန်ကြည့်
ကိုယ်ဟာ ပြန်လိုချင်တဲ့ အရာတစ်ခုအတွက်
ကိုယ့်နှလုံးသားအကောင်းလေးကို မရောင်းစားပါဘူးလို့
ကြည်ကြည်နူးနူးတွေးပါကွယ်
သွားချင်သူ သွားပါစေ
လာချင်သူလာပါစေ
မဖြည့်ချင်သူဟာ ပြည့်ပါတယ်
မပိုင်လိုသူဟာ နိုင်ပါတယ်။
တစ်ယောက်တည်း ဝမ်းနည်းအားငယ်လာတိုင်း
တစ်ယောက်ယောက်က အပိုင်လိုချင်နေတဲ့ကမ္ဘာမှာ
ကိုယ်ဟာ ဘာကိုမှ အရေးတကြီးမလိုအပ်သူမို့
သစ်ပင်တစ်ပင်စိုက်လည်း ပျော်နေမှာ
စာတစ်အုပ်ဖတ်လည်း ပျော်နေမှာ
ပုခက်လွှဲတဲ့ လက်ကလေးဟာ ပျော်နေမှာ
အိပ်မက်တွေကအစ ကျန်းမာပါစေကွယ်။
ခွန်းညိုသွေး
နေ့ရက်တွေတိုင်း
ReplyDeleteပျော်ရွှင်ပါစေကွယ်။
ကျန်းမာပါစေကွယ်
ReplyDeleteDone
ReplyDeleteFight for freedom
ReplyDelete