"ငါ့နားထင်ကိုတေ့ထားတဲ့သီချင်း"
သေခြင်းတရားအကြောင်း
လူပြောသူပြော များလှတဲ့နေ့တနေ့မှာ
ကျနော်ဒီကဗျာကို ရေးဖြစ်တယ်။
ပရက်စလေ ကတ်ကိုဘိန်း ၊
မြို့မငြိမ်း နဲ့ ဗင်းဆင့်ဗန်ဂိုး…
သူတို့လောက်သတ္တိမရှိတာ နာတယ်။
ခေါင်းတိုင်ကထွက်လာတဲ့မီးခိုးငွေ့လို
အလွမ်းအမောများနဲ့
ဘဝက … ဆွဲရင်လည်းသေ
မဆွဲရင်လည်း အစားခံရမယ့်ဖဲ
သင်္ဘောပျက်တစီးလို
တိတ်ဆိတ်နေလိုက်တယ်။
မတော်တဆတော့
ကျနော်ကျမကွဲချင်ဘူး အမေ။ ။
-ရိုးဒီ
Done💪💪💪
ReplyDelete💪💪💪
ReplyDelete"မတော်တဆတော့
ReplyDeleteကျနော်ကျမကွဲချင်ဘူး အမေ..."
Done
ReplyDelete