တော်လှန်ရေး ကဗျာ ၁၉

 ရန်သူကို သူရဲဘောကြောင်လေ

ကိုယ့်အချင်းချင်း ပြန်တိုက်လေပဲ


ရန်သူကို အထင်ကြီးလေ

ကိုယ့်ရဲဘော်ကို အထင်သေးလေပဲ


ရန်သူကို ရန်ငါမပြတ်လေ

ကိုယ့်ရဲဘော်ကိုယ် ရန်ငါဖြတ်လေပဲ


ဘယ်သူလဲ မမေးနဲ့

ကိုယ့်အနားပတ်လည်မှာပဲရှိတယ်

နောက်ဆုံး မိမိကိုယ်တိုင်တောင် ဖြစ်နေနိုင်တယ်


တော်လှန်ရေးကို သစ္စာဖောက်ခဲ့သူတွေကပဲ

အောင်ပွဲရ ရင် လက်မထောင်ပြီး ဝင်လာလိမ့်မယ်

မြင်အောင်သာ ကြည့်ထားကြ ။


ခက်သီ 

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ