ကဗျာ ကဏ္ဍ
အာရုံအလျင်ထဲ
စွဲလမ်းမူသီအိုရီတွေရောက်ရောက်လာ
သစ်သစ်သွားကြ
တယောက်တမျိုးစီမှားခဲ့ကြတယ်တဲ့
သံသရာကိုချစ်တယ်တဲ့
ရွှေသားသံယောဇဉ်လေးကို မြတ်နိးတယ်တဲ့
အချိန်တန်ရင်တော့
ကိုယ်ဇာတိဆီ ပြန်ကြရတာပဲတဲ့
အေးငါဇာတိဟာ အလွမ်းဖြစ်တယ်။
ပြဇတ်ဆန်ဆန်အရောင်ရိပ်တွေ
ငါအလွန်မုန်း
မြုံးမိတဲ့ငါး အသက်ရှင်စဉ်မှာ
ဘာတွေ တွေးခေါ်နေမိမလဲ
ငါသိချင်မိ
ငါကိုယ်တိုင်မြုံးမှာ မိမှာပဲ
လွတ်လမ်းကိုသာလိုချင်ခဲ့မိ
အရင်လိုဘဝဆိုးထဲကိုပဲ
လွတ်ချင်ရဲ့
ဒါဘဝရဲ့
အဘိဓမ္မာပဲ
သေချာရဲ့
အိမ်မက်ဆန်ဆန်တွေလာရောင်းဝယ်မနေနဲ့
စက္ကူလေယဉ်ပျံလေးကို လက်ထဲက လွှတ်ချလိုက်ပြီ။
မောင်ချောနွယ်
လူတစ်ယောက်ရဲ့အဓိပ္ပါယ်ကို
ReplyDeleteလာလာမစွက်ဖက်နဲ့
ကိုယ့်အဓိပ္ပါယ်နဲ့ကိုနေ
ဆုံးရှံးခဲ့တယ်ဆိုတာလဲ
သေချာပလေ့စေ။
လူတစ်ယောက်ကိုလက်သီးနဲ့ထိုးဖို့ဆိုတာက
ကိုယ့်မှာမေးရိုးရှိရတယ်တဲ့
ငါ့လက်သီးတွေမင်းဆီသက်ရောက်ဖို့
ငါ့မှာမေးရိုးရှိတယ်
ခုတော့မင်းမှာမေးရိုးမရှိပဲ
မင်းလက်သီးတွေငါ့အပေါ်လာလာသက်ရောက်နေတာက
အမှန်တရားရေ
မင်းတရားလွန်လွန်းပြီ
ဘဝမှာ လေးငါးခြောက်ခု မလိုပါဘူး
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့
ရန်သူစစ်စ်
မောင်ချောနွယ် (ပင်မှည့်တေး)
Done!
Deleteပွဲတော်တွေက
ReplyDeleteပျော်စရာမကောင်းတော့ပါဘူး
တို့ခေါင်းပေါ်မှာ ကောင်းကင်ကြီးဟာ
လွတ်လွတ်လပ်လပ်မှ မဟုတ်တာ
မောင်ချောနွယ်
💪💪💪
ReplyDeleteDone
ReplyDelete