ကျည်ဆံ



လက်ဖက်ရည်ဝိုင်းကနေ

အာပေါ ဝါယော တသောသောနဲ့

ပစ်လိုက်တဲ့ ကျည်ဆံတွေဟာ

လေထဲမှာ တဖောဖော


ဘီယာဝိုင်း အရက်ဝိုင်းကနေ

လက်သီးလက်မောင်းတန်းပြီး

အရေးတော်ပုံ အောင်နေပြီလို့. အော်ဟစ်ပြီး

ပစ်လိုက်တဲ့ ကျည်ဆံတွေဟာ

လေထဲမှာ တဖောဖော


လွတ်မြောက်ရာ နယ်မြေကနေ

တိုက်ပွဲခေါ်သံ တညံညံပေးပြီး

ငါတို့ဟာ အနိုင်ရတော့မှာ

ပါးစပ်က တရစပ် မနားတမ်းပေါ့

ပစ်လိုက်တဲ့ ကျည်ဆံတွေဟာ

လေထဲမှာ တဖောဖော


ပေါလိုက်တဲ့ ကျည်ဆံတွေ

ဖောလိုက်တဲ့ ကျည်ဆံတွေ

ရှားပါးနေတာ ငါတို့ဆီမှာပါလား

သူတို့ပစ်လိုက်တဲ့ ကျည်ဆံတွေဟာ

လေထဲက လာပေမဲ့

တကယ်တမ်းကျ

ငါတို့နှလုံးသားထဲထိုးဖောက်လို့

သွေးစိမ်းရှင်ရှင် စီးကျလို့ပါလေ ...




San Zuren 🌸

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ