Vampire
သဒ္ဓါတရားမှာ သဒ္ဒါမမှန်ခဲ့တဲ့နောက်
ဘယ်စေတနာက ခရီးရောက်မှာလဲ၊
စက်ဆုတ်ဖွယ်သတ္တဝါကောင်တကောင်ဖြစ်ဖို့ဆို
မျိုးရိုးမှ မလိုတာ၊
လည်ဂုတ်ပြင်ကို စားကျက်ထင် မွေးဖွားလာသူက လေလည်ပြတော့
masks တွေကိုဖြုတ်ပစ်လိုက်ကြတာ အငမ်းမရ၊
ခွေးဦးနှောက်နဲ့အကောင်တွေ၊
မနှစ်မြို့မိသလောက်ကို စိတ်ပျက်လက်ပျက် နှစ်ခြိုက်နေရသတဲ့၊
ပျော်ပျော်ကြီး ပင့်သက်တွေရှူနေကြတာပါပဲ။
စိတ်ပါလက်ပါ ဆန့်ကျင်တဲ့တနေ့ဟာ
ဆက်ရက်မင်း စည်းစိမ်ပျက်ရုံမက အတောင်ပါကျိုးတယ်။
သေတနေ့၊မွေးတနေ့ဆိုတာ ဘယ်မှာဟုတ်လို့လဲ။
ရွံရှာမုန်းတီးမှုကို ပိုင်ဆိုင်ထားရတဲ့ရှင်သန်မှုတွေက အများပါးစပ်ဖျားမှာ အခါခါသေကြ၊
မသတီစရာ အကောင်ပုပ်တွေကမှ သက်ဆိုးတွေရှည်ကြတာမျိုး
ဖုတ်ဝင်သလို၊
တကယ်ဆို *ဖြစ်သင့်တာထက်ပိုလာတဲ့ အခွင့်အလမ်းဟာ ရသင့်တဲ့အခွင့်အရေးမှ မဟုတ်တာ၊
အဲဒါဟာ ကျိန်စာ*
ငါတို့ဟာ လူသားစစ်စစ်တွေပါ၊
မျှော်လင့်ချက်ဟာ နှစ်ထောင်ချီနေရဖို့မဟုတ်၊
ကြည်ညိုဖွယ်ရာ စွန့်လွှတ်ခြင်းတွေကို ကြည်ကြည်ဖြူဖြူ ပွေ့ပိုက်လို့ အကြိမ်ကြိမ်မွေးဖွားရင်း
နှစ် ၈၀ သက်တမ်းအပြည့်မှာ
ကျေကျေနပ်နပ်ကြီး လူပီပီသသသေရဖို့။ ။
နှင်းဝေဝေ ( ပွင့်ဖြူ )
Done
ReplyDeleteDone!
ReplyDeleteFight for freedom
ReplyDelete