ငါတို့က သူပုန် ငါတို့က ရဲဘော်

 တောနက်နက်ကြီးထဲမှာ 

ဝေးလံခေါင်သီမှုတွေကို မျက်မြင် ကြုံရတဲ့အခါ 

ရေကြည်လင်အေး တစ်စက်ပမာ မေတ္တာဟာ အလိုအပ်ဆုံးပဲပေါ့ 


ရဲဘော် မေတ္တာထားလို့ ပြောရဖို့ကလည်း ခက်ပြန်သေး 

သံယောဇဥ်နဲ့ ထိန်းကျောင်းသွားတတ်တဲ့ လူငယ်ဆိုဆိုင်းယတီကြီး 


တော်လှန်ရေး 

တော်လှန်ရေး 

တော်လှန်ရေးတဲ့ 

မြန်မာနိုင်ငံက လူငယ်တွေရဲ့ ဖြစ်တည်မှုကို 

ပြောင်းပြန်လှန် ပစ်လိုက်တဲ့ အရာက တော်လှန်ရေးလေ 


အမှန်နဲ့အမှားကြား အပ်ချည်မျှင် တစ ကလေးမျှသာပဲ ကွာခြားသကိုးလို့ ဆိုရိုးရှိတယ် 

အမှန်ဆီရောက်လိုဇောနဲ့ မှား မှား သွားတတ်ကြတဲ့ လမ်းတွေလည်း ရှိသမို့ 

ရဲဘော်တို့ သတိထား 

ငါတို့နှုတ်က တရားဓမ္မလို့ ဟစ်ကြွေးရင် 

ငါတို့ကိုယ်တိုင် တရားဓမ္မဖြစ်ရလိမ့်မယ် 

ငါတို့က လွတ်လပ်ရေးလို့ ဟစ်ကြွေးရင် 

လွတ်လပ်ရေးပေါ့ 

ငါတို့က သူပုန် 

ငါတို့က ရဲဘော် 

တရားသော ဒုက္ခလမ်းကြမ်းကြီးမှာ 

သွေးသံတရဲရဲ နဲ့ ပျော်နေကြသူတွေပေါ့။


-Moriarty

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ