“ရုပ်ရှင်”
နှင်းတွေ ဖွဲဖွဲကျနေပုံ မဟုတ်ဘဲ
ရွာတွေဆီက ပြာစတွေ တဖွေးဖွေး။
"ဒီအိမ်ကို ဆောက်ဖို့ ငါ့သားလေးက
သူများနိုင်ငံမှာ ကျွန်ခံခဲ့ရတာ" လို့
အော်ဟစ်နေတဲ့အခန်းမှာ
သရုပ်ဆောင်သူ အဘွားအို
ရူး သွား တယ်။
ဇာတ်ကောင်တွေ ဟာ
အများကြီးဆိုတော့
ငိုသံတွေ လည်း
အကျယ်ကြီးပဲလေ။
ဇာတ်၀င်တေးက တယောသံနဲ့
မဟုတ်ဘူး
သေနတ်သံ ၊ ဗုံးသံနဲ့ ။
ကြည့်ရှုသူတွေ ဟာ
ဘ၀ပိတ်ကားပေါ်မှာ
ကိုယ့်အလောင်း ကိုယ်
ပြန်မြင်နေကြရတယ်။ ။
မောင်ရေချမ်း
Done
ReplyDeleteDone
ReplyDeleteHello.
ReplyDelete