ကဗျာ ကဏ္ဍ

 "အိမ်ထောင်ရေးဆိုတာ

မိန်းမတကာရဲ့

မဟာစီးပွားရေးအလုပ်ပဲ"

ငါ့ရင်ထဲမှာ ကွဲကြေရတဲ့အခါ

"မမထား" ဝတ္ထုထဲမှာပါတဲ့

ဗန်းမော်တင်အောင်ရဲ့စကား

မင်းခံစားစေချင်မိတယ်။


မင်းနားလည်ဖို့ကိုလဲ

ငါ့မယ်အလိုရှိတယ်။


ဒါပေမဲ့

ကဗျာဆရာ

ငါ့အဖို့မှာတော့

ဒါဟာ တကယ့်အမှား

ဖြစ်ခဲ့ပြီ။


ခင်ဆွေရီ ရဲ့

ဒီမှာ

ငါဟာ ဘာကောင်လဲ

ရင်ထဲမောနွမ်း

မင်းမုန်းစတမ်းဆိုရင်လေ

ပန်းတွေ ကလဲ

ငါ့အဖို့မလှပဲနေလိမ့်မယ်။


ငှက်ကလေးတွေကလဲ

ငါ့လက်ထဲက

ခွဲထွက် ပျံပြေးသွားလိမ့်မယ်။


ဇော်ဂျီ ရဲ့

မောင်သစ်ဆင်းကဗျာတွေ

မင်းသုဝဏ်ရဲ့

မောင်ခွေးဖို့ကဗျာတွေ

မင်းမရှိတဲ့အခါ

ငါဘာလုပ်ရမလဲကွယ်။


-အောင်ဝေး

(ယာမာဂူချီခင်ဆွေရီသို့- ကဗျာမှ)

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ