ကြောက်ခေတ်ရဲ့ အသံ
“ပထွေး”ရိုက်မှာလည်း ကြောက်ရ
“ခွေး”ကိုက်မှာလည်း ကြောက်ရ
“သူဌေး”ဝိုက်မှာလည်း ကြောက်ရ
ဈေးမကိုက် မှာလည်း ကြောက်ရ
အရေးမစိုက် မှာလည်း ကြောက်ရ
ကြောက်ရ
ကြောက်ရ - -
"လူ"၊ လူ ခြင်းလည်း ကြောက်ရ
အတူတူ ခြင်းလည်း ကြောက်ရ
နောက်က လူကိုလည်း ကြောက်ရ
အောက်က လူကိုလည်း ကြောက်ရ
ကြောက်ရတာတွေ များလာတော့
အောက်ကျတာတွေ များလာတော့
တယောက်မက ဆရာတွေ များလာတော့
မှောက်ကျတာတွေ များလာတော့
ကမောက်ကမ ဟာတွေ များလာတော့
ဂျောက်ကျနေတဲ့ မြန်မာတွေ
ဓါးရှာတော့။
ကိုယ်တော်နှိုင်း
Done!
ReplyDeleteDone
ReplyDeleteFight for freedom
ReplyDeleteDone
ReplyDeleteစည်းကမ်းရှိပြီး စည်းလုံးညီညွတ်မှသာလျှင် ပန်းတိုင်ကိုရောက်မည်
ReplyDelete🖤
ReplyDelete