အများကြိုက် ပေါင်မုန့်ကို ယိုသုတ်ဖို့
ငါတို့ ပေါင်မုန့်ကို ယိုသုတ်ခဲ့တုန်းက
ပေါင်မုန့်မီးကင်စက်နဲ့ မီးလှုံနေကြသူတွေ
"ယိုအသုတ်ခံ ပေါင်မုန့်တွေဘက်က ရပ်တည်ကြ"
ကြွေးကြော်သူတွေက
ခုမှ ပေါင်မုန့်ကို ယိုနှစ်ထပ်သုတ်ကြသတဲ့လား
ဝမ်းနည်းမိတယ်
ပေါင်မုန့်ကို ယိုသုတ်ရင်း လဲကျခဲ့ရသူတွေ
အောက်မေ့မိတယ်
အမှောင်ထဲ စမ်းတဝါးဝါး
ပေါင်မုန့်ကို မှန်းဆ ယိုသုတ်ရင်း ကျဆုံးခဲ့ရသူတွေ
အားကျမိတယ်
ပွယောင်းယောင်းပေါင်မုန့်ကို
ရဲရဲတောက် ယိုသုတ်ခဲ့သူတွေ
ငါ ဦးညွတ်လိုက်ပါရဲ့
အခုများလေ
ငါ ပေါင်မုန့်တွေကို
ဘယ်သူ ယိုသုတ်သွားခဲ့သလဲ။
လင်းခါး
ပေါင်မုန့်ယိုသုတ်(၉)ပွဲမှ
Done!
ReplyDeleteFight for freedom
ReplyDeleteDone
ReplyDelete