တော်လှန်ရေး ကဗျာ ၂၇

 ခရီးဟာ လမ်းရှည်ရင် ရှည်သလောက် 

နာကျင်အချိန်ပိုတွေ များလာတာပဲ 

ဒါဆို ပျော်စရာ အခိုက်အတန့်တွေကိုပဲ ရှေ့တန်းတင်တတ်ဖို့ 

ကိုယ့်ကိုယ်ကိုယ် သတိပေးထားတော့ 


မျက်ရည်စ ပါ လာတဲ့ နေ့ရက်တွေဟာ 

မုန်တိုင်း 

မုန်တိုင်း 

မုန်တိုင်းပေါ့  


လေနီကြမ်းတွေနဲ့ ကြုံတဲ့အခါ အော်ဟစ်ငိုကြွေးတတ်သလောက် 

လေပြေလာရင်လည်း ကျိုးနွံ့ကျေးဇူးတင်စွာ ခံစားတတ်ရတယ်


ဒါဟာ ဘဝပဲ။


-Moriarty

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ