ဒူးမထောက် လက်မမြှောက်
ဇာတ်တူသားစားပြီး
တန်ခိုးထွားခြင်းနဲ့
ကိုယ့်သားချင်းတွေကို
သားရဲတွင်းမှာ အခံခက်ဖို့
အကြံပက်စက်ကြတယ် ။
ဖြတ်လေးဖြတ်
သတ်လေးသတ်နဲ့
အသက်ဓာတ်တွေဆုံးဖို့
ထုံးလိုခြေ ရေလိုနှောက်
အကြောက်တရားနဲ့ မျို
ဒင်းတို့တွေ...ဗိုလ်ကျလွန်းတယ်။
တောင်ပေါ်လည်း မငြိမ်းချမ်း
မြေပြန့်လည်း မစိမ်းလန်း
ငရဲခန်းပျို့ နဲ့
အားလုံးဟာ...
အသည်းကျွမ်းလို့ ပြာကျတယ်။
ငါတို့ လွတ်မြောက်ဖို့
အထူးကြောက်ပြီး
ဒူးမထောက်ဖို့ လိုတယ်။
ဘယ်လိုခြောက်ခြောက်
အသက်ကို ဉာဏ်စောင့်လို့
လက်မမြှောက်ဖို့ လိုတယ်။
တောင်ပေါ်ရဲ့ အားကိုယူ
မြေပြန့်မှာ အလံထူကြမယ်
မြေပြန့်ရဲ့ အသွေးကို ရံ
တောင်ပေါ်မှာ အလံထောင်လို့
အရေးတော်ပုံ အောင်ရမယ်။
လက်ျာဧ
Done
ReplyDelete