သမိုင်းကြွေး
လူတစုရဲ့
ပြုသမျှ မနုချင်တော့
နေဝင်မီးငြိမ်း ဘဝတွေနဲ့
ရသလို ထွန်းညှိနေရတယ်။
ခရီးကြန့်ကြာတော့
ကျီးလန့်စာစားနဲ့
အိပ်မက်တွေ နာဖျားနေတယ်။
အမေတို့ရဲ့ အလွမ်းများ
သားတို့ရဲ့ အလွမ်းများ
ခေတ်ကို ထမ်းထားလို့
ဒီလမ်းက ကြမ်းပေမယ့်
ပန်းတိုင်က
အားလုံးလက်ထဲမှာရှိတယ်။
ဖက်ဆစ်အရိုင်း
ငါတို့သမိုင်းမှာ နေရာမရှိဘူး ။
ဖက်ဆစ်သနစ်
အနာဂတ်မှာ အမြစ်မကျန်စေရဘူး။
ငါတို့အချစ်တွေ မငြိမ်းသရွေ့
ငါတို့ စစ်ပြေမငြိမ်းနိုင်ဘူး ။
လက်ျာဧ
Done!
ReplyDeleteDone
ReplyDelete💪💪💪
ReplyDeleteအခက်အခဲတွေကြုံတိုင်း
ReplyDeleteကိုယ့်ထက်ဆိုးတဲ့ အခြေအနေမှာ
ရင်ဆိုင်နေရတဲ့သူတွေကို ကြည့်ပီး
ငါကအများကြီး လုပ်နိုင်ရမယ်လို့
အားတင်းထားကြပါ
ကိုယ့်ကို ကိုယ်ယုံကြည်ပါ
ငါဖြတ်သန်းနိုင်မယ် ဆိုတာ...