အဖိုးကြီးနှစ်ယောက်ရဲ့ ညနေခင်း

လူ့ဘဝဆိုတာ ဝိုင်အရက်လိုပဲ

အချိန်ကြာလေ ချဉ်စုတ်စုတ်

ယစ်မူး‌မှုတွေတော့ ကျန်လျက်

ဘဝရဲ့အစွန်အဖျားမှာ သေမင်းလာခေါ်ဖို့စောင့်ရင်းနဲ့

လူအိုတစ်ယောက်

တဖျောက်ဖျောက်သေကုန်ကြတဲ့ နောင်တော်တွေအထဲက

ရှင်သန်ကျန်ရစ်တဲ့ ငှက်အိုတစ်ကောင်

မော်ဒန်ခေတ်ရဲ့ ဗိသုကာ

လူနေတဲ့တိုက် ဝရန်တာမှာ

အဖိုးကြီးနှစ်ယောက်ဆုံပြီပေါ့

အရှေ့မှာ မြင်နိုင်တာထက် ပိုတဲ့ မိုးကုပ်စက်ဝိုင်းကြီး

ဟေး ငှက်အိုကြီး

မင်းက အသက်ကြီးတာတောင် ပျံနိုင်သေးတယ်

ငါကမွေးကတည်းက မင်းလိုပျံနိုင်လောက်အောင် လက်ကမသန်ခဲ့ဘူး

အပျံသင်ပါရစေဗျာ

ငှက်အိုကြီးခမျာ ငြင်းရရှာ

ဘဝကိုတန်အောင် နေပါဗျာ

မင်း သားသမီးတွေရော

အဖိုးကြီးက မေးတယ်

ဪ အတောင်စုံလို့ ကောင်းကင်ဘုံမှာပျော်နေကြပြီလေ

ငှက်အိုကြီးက ပြုံးပြုံးလေးဖြေတယ်

အေးကွာ ငါ့သားတွေရောပဲ

အဖိုးကြီးက ပြုံးတယ်

ဤညနေခင်းလေးထဲက

နှလုံးသားချင်းဆက်တဲ့

အဖိုးကြီးစကားဝိုင်း


Tommy

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ