ကဗျာ ကဏ္ဍ

 မေမေ...လူတွေကထင်ထားတာထက်ရက်စက်

ကြမ်းကြုတ်တယ်။ မေ့လွယ်ပျောက်လွယ် ၊ ပြီးဆုံးလွယ်လွန်းတဲ့ နေ့ရက်တွေထဲ ယုံချင့်စရာကောင်းခဲ့တဲ့

ပုံပြင်တွေဟာ အငွေ့ပျံကုန်ကြပြီထင်ပါရဲ့။သားတို့ပဲ

နောက်ဆုံးတိုက်ပွဲဆီချီတက်ဖို့ကျန်ခဲ့ပြီလားအောက်မေ့

ရမတတ်တိတ်ဆိတ်ကုန်ကြပြီ။ 

ကြယ်တွေလည်းတဖြုတ်ဖြုတ်ကြွေကုန်ကြပြီ။ လေကြမ်းတွေလည်းတရစပ်မရပ်မနားတိုက်နေတုန်းပဲ။ရာသီဥတုနဲ့ ဘေးပတ်၀န်းကျင်ရှုခင်းတွေဟာ

နှလုံးသားကိုတဆစ်ဆစ်ဖျားနာစေခဲ့ပြီ။ 

ဒါပေမယ့်မေမေ သားယုံကြည်ချက်မှ အရောင်တစ်စွန်းတစတောင် စွန်းထင်းမနေသေးပါဘူးမေမေ။


PlugX

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ