“အားလုံးအတွက် မေတ္တာစာ”
လက်သည်းဆိတ်လို့
လက်ထိပ် နာတတ်ပါစေ။
ကိုယ့်နေရာ ကွက်အေးပေမဲ့
တချို့မှာ ထွက်ပြေးနေရတယ်
အမှောင်ထဲ စမ်းလျှောက်သူရှိတယ်
ထောင်ထဲ တန်းရောက်သူရှိတယ်။
ဒကာလည်း ဝမ်းမဝ
သံဃာလည်း ဆွမ်းမရ
ဘုရားလည်း မီးသင့်
တရာလည်းမီးသင့်တဲ့ အကာလ။
ငါတို့ ငရဲခန်းကို
ကမ္ဘာက လှမ်းကြည့်နေပြီ
စစ်မိစ္ဆာ ကမ်းတက်ဖို့
ပန်းဆက်လို့ ပျော်သင့်ပါသလား။
တိုင်းပြည် အေးချမ်းပါပြီလို့
ကမ္ဘာတဝန်းကမြင်ဖို့
သူတို့ဆင်တဲ့ကျုံးမှာ
ငါတို့ စုံးစုံးမြုပ်ခံမလား။
ပြေးကြည့်မှ
ငါတို့မှာ ငါတို့ပဲရှိတယ်
ဒီ အသိလေးကပ်ဖို့
သတိပေးအပ်ပါတယ်။
လက်ရုံးညီ
ငါတို့မှာ ငါတို့ဖဲရှိတယ်
ReplyDeleteလူညီကြပါ သွေးမကွဲကြပါနဲ့
Done
ReplyDelete