ကဗျာ ကဏ္ဍ
ကိုယ်ဟာဘယ်ကိုမျှ မရွေ့__
နေ၀င်သွားတာကိုကြည့်မိတဲ့ သားသည်မိခင်တွေခမျာ အိမ်ပြန်မရောက်လာသေးတဲ့သားတွေကိုစောင့်နေတယ်
အိမ်ပြန်မရောက်နိုင်သေးတဲ့သားတွေတိုင်းဟာ
အိမ်ပြန်ရောက်ရောက်သွားတဲ့အိပ်မက်တွေကို
ညစဉ်ရက်ဆက်မက်ကြတယ် မိုးလင်းသွားတဲ့အထိ
ကိုယ်တို့ထိုင်ကြည့်မိတဲ့ကောင်းကင်ကြီးက မှောင်မဲ
နေတုန်းပါပဲ။
မျက်စိတွေတစ်စုံတစ်ခုကိုအာရုံစိုက်မိတာများလာရင်
အားနည်းဖျော့တော့လာမယ်၊ မြင်ကွင်းတွေထုံထိုင်း
ရီဝေလာမယ်၊ ကိုယ်ဟာတစ်နေရာတည်းမှာပဲ ရပ်
နေမိတဲ့ ကျောက်ရုပ်၊ကျောက်ရုပ်တစ်ရုပ်မှာ ခံစားချက်
မရှိဘူးလို့ ဘယ်ပရောဟိတ်ကဟောကိန်းထုတ်ထားခဲ့လဲ
ကိုယ်ဟာနှစ်ပေါင်းတစ်သောင်းကြာလည်း ရပ်နေဦးမယ်
နေပူကြီးထဲ နေလောင်သွားမယ့်မင်းအရေပြားတွေကို
စိုးရိမ်ရတဲ့အကြောင်းမှာပဲဖြစ်ဖြစ်၊သွေးသံရဲရဲကျဆုံး
သွားတဲ့ကိုယ့်ရဲဘော်တစ်ယောက်အကြောင်းမှာပဲဖြစ်ဖြစ်
ဒါမှမဟုတ်
ဖြစ်ချင်ရာဖြစ်ဖို့ လုပ်ချင်ရာလုပ်ကြစို့ လို့
လူစုံရင်ဝိုင်းအော်ကြဖို့ ကိုယ်ဟာသေသွားတဲ့
သူငယ်ချင်းအားလုံးကို စောင့်နေမိတယ် အခုထိတစ်ယောက်တလေများ
ကိုယ့်ဆီရောက်မလာကြသေး။
PlugX
Done!
ReplyDeleteDone!
DeleteDone ✅
ReplyDeleteDone💪💪💪
ReplyDelete